|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မီရှယ်လ်အိုဘားမား သမ္မတကတော်တစ်ဦး၏ ဘဝမှတ်တမ်း
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 167
- Binding: Paperback
- Publication Month Year: Jun-2009
- Size: 13 cm x 19 cm
|
- Description: ၂ဝဝ၉ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် တိုင်မ်းမဂ္ဂဇင်း၏ “ကမ္ဘာ့သြဇာအညောင်းဆုံး ပုဂ္ဂိုလ် ၁ဝဝ” စာရင်းဝင်ခဲ့သူ၊ ဘိုးဘွားများသည် အမေရိကန်သို့ ပထမဆုံးရောက်ရှိလာကြသော အာဖရိကမှ ကျေးကျွန်များဖြစ်သော်လည်း ယနေ့တွင် အမေရိကန်၏ အမြင့်ဆုံးရာထူးဖြစ်သည့် သမ္မတ၏ ကတော်ဖြစ်လာသူ၊ ကမ္ဘာထိပ်တန်းတက္ကသိုလ် နှစ်ခုဖြစ်သည့် ပရင့်စတန်နှင့် ဟားဗတ်တက္ကသိုလ်များမှ အဆင့်မြင့် ဘွဲ့နှစ်ခုကိုရထားသူ၊ သူဝတ်သလို လိုက်ဝတ်ကြပြီး သူ့ကို တုပသူများလွန်းသဖြင့် Michellemaniaခေါ် မီရှယ်ရောဂါဟု အမည်တပ်ရသည်အထိ လူကြိုက်များစေခဲ့သူ၊ “ကျွန်တော်နဲ့ ၁၆ နှစ်တာ လက်တွဲခဲ့တဲ့ ဇနီးသည် မီရှဲယ်လ်အိုဘားမားရဲ့ မဆုတ်မနစ်သော ထောက်ခံအားပေးမှုတွေသာ မရခဲ့ရင် ကျွန်တော်သမ္မတ ဖြစ်မလာပါဘူး”ဟု ဘားရက်အိုဘားမား၏ ဝန်ခံချီးကျူးခြင်းကို ခံခဲ့ရသူ မီရှဲယ်လ်အိုဘားမားအကြောင်းကို သူ့အကြောင်းရေးသားထားသော စာအုပ်များမှ စာရေးဆရာဟိန်းလတ်မှ ဘာသာပြန်ကာ ရုပ်လုံးဖော်ထားခြင်းဖြစ်သည်။ သူမ၏ ငယ်ဘဝမှစတင်ကာ အတန်းပညာ သင်ကြားခဲ့မှုများ၊ လူဖြူ လူမည်း အသားအရောင်ခွဲခြားခြင်း ခံခဲ့ရမှုများ၊ ဘားရက်အိုဘားမားနှင့် တွေ့ဆုံ အိမ်ထောင်ပြုခဲ့မှု၊ သားသမီးများရလာသောအခါ အိမ်ထောင်ရေးတာဝန်ကိုယ်စီ ထမ်းခဲ့မှုများ၊ ဘားရက်အိုဘားမား၏ နိုင်ငံရေးအလုပ်များကို နောက်မှကူညီထောက်ပံ့ အားပေးခဲ့မှုများနှင့် နောက်ဆုံး သမ္မတကတော်ဖြစ်လာချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် သိခွင့်ရကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|