|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဓာရာနဂရတိုင်း၊ ဘောဇဘုရင်လက်ထက် ကာလီဒါသ လျှောက်ထုံး (၅ တွဲပေါင်းချုပ်)
-
-
Author(s):
ဦးလှဒင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 512
- Binding: Hard Cover
- Publication Month Year: Aug-2010
- Size: 19 cm x 27 cm
|
- Description: ဣတ္တိယ မိန်းမကိစ္စကျွမ်းကျင်သူ၊ မိန်းမအကြောင်း နောကျေသူဟု သိထားကြသော၊ မေဃဓူတ၊ သကုဏ္ဍလ အစရှိသော ကဗျာစာပေနှင့် ပြဇာတ်အကျော်အမော်တို့ကို ရေးသားခဲ့သော၊ အိန္ဒိယပြည်၏ ဂုဏ်ယူ၍ မဝနိုင်သော ကာလီဒါသအကြောင်းနှင့် သူ၏ လျှောက်ထုံးများပါဝင်သော စာအုပ်ဖြစ်သည်။ ဓာရာနဂရတိုင်း ဘောဇဘုရင်လက်ထက် ဘုရင်၏ အမေးပုစ္ဆာ ပြဿနာအထွေထွေကို ပညာရှိ ကာလီဒါသက ဉာဏ်ပညာသုံး ဖြေရှင်းနိုင်ခဲ့ပုံများကို ဤစာအုပ်တွဲ ၅ တွဲတွင် အကုန်အစင် သိရှိရမည်ဖြစ်သည်။ အမေးပုစ္ဆာများသည် ပညာပါသလို အဖြေများသည်လည်း လွန်စွာ လေးနက်၍ လက်သံပြောင်လှသော လျှောက်ထုံးများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ကို ရေးသားနိုင်ရန်အတွက် ကာလီဒါသအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ် ၉ အုပ်၊ ဟင်ဒီသင်္ကရိုက်ဘာသာဖြင့် ရေးသားထားသော စာအုပ် ၈ အုပ် မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုရေးသားထားသော စာအုပ် ၁ အုပ် ပေါင်း ၁၈ အုပ်ကို မှီငြမ်းကာ စုပေါင်း ရေးသားထားခြင်းဖြစ်သည်ဟု ဆိုသည်။ စာအုပ်နှင့် ပတ်သက်၍ ပထမတွဲပါ စာရေးသူ၏ အမှာစာကို စာမြည်းရန်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|