|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အင်တာနက်မှ ရရှိသော ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအတိုအထွာများကို စုပေါင်းထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် သတင်းအကြောင်းအရာ ၉ဝ ခန့်ပါရှိပြီး ရောဂါများနှင့် ပတ်သက်သော သိကောင်းစရာ အကြောင်းအရာများ၊ စာတမ်းများ၊ ဆောင်းပါးများ၊ ဆေးပညာဆိုင်ရာ နိုဘယ်ဆုရရှိသော ပုဂ္ဂိုလ်များအကြောင်းနှင့် အခြားဗဟုသုတဖြစ်ဖွယ် သိကောင်းစရာများတို့ကို ထည့်သွင်းဖော်ပြထားသည်။ နှမ်းနှင့် ဓာတ်မတည့်မှု၊ ဥစားသုံးခြင်းအတွက် အကြံပေးချက်၊ ချော့ကလက်၏ ကောင်းကျိုး ဆိုးကျိုး၊ သံလွင်ဆီနှင့် နှလုံး၊ နှလုံးရောဂါနှင့် နို့၊ သွေးကင်ဆာနှင့် လက်ဖက်စိမ်း လက်ဖက်ကြမ်း၊ ဆီးကျိတ်ကင်ဆာကို ရပ်ဆိုင်းစေသည့် ငါးအဆီ၊ ဗီတာမင် စီ အီးတို့သည် ကိုယ်ဝန်ဆောင် အဆိပ်တတ်ရောဂါကို ကာကွယ်ပုံ၊ လေထုညစ်ညမ်းမှုသည် သားယောက်ျားလေးမွေးမှု လျော့နည်းစေပုံ၊ တင်ပါးအဆီများရင် အသားဆေးရဲ့ အစွမ်းကျဆင်းပုံ၊ စိတ်ဖိစီးမှုနှင့် ကော်လက်စထရော မြင့်တက်မှု၊ ဦးနှောက်သေဆုံးနေသော အမျိုးသမီး ကလေးမွေးဖွား၊ အနီရောင်ဆံကေသာရှင်များ အရေပြားကင်ဆာ အဖြစ်များ၊ အချိုရည်များတွင် တွေ့ရှိရသည့် ကင်ဆာဖြစ်စေသော Benzene၊ ပန်းသေပန်းညိုးနှင့် ဆေးလိပ်၊ မိုဘိုင်း(လ်)ဖုန်းနှင့် ဦးနှောက်ကင်ဆာ၊ မျိုးဆက်များကို အေးခဲစေသည့်နည်းဖြင့် သိမ်းထားမည့် အမျိုးသမီးများအကြောင်း၊ ဝသူများနှင့် မှတ်ဉာဏ်ချို့ယွင်းမှု၊ မိကျောင်းသွေးနှင့် HIVပိုးကို သတ်နိုင် မနိုင်အပါအဝင် ဆေးပညာလောက၏ နောက်ဆုံး တွေ့ရှိချက် ၉ဝကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|