|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကွန်မန်ဒိုဟူသည် သမရိုးကျ စစ်နည်းဗျူဟာအမြင်အရ လုံးဝမဖြစ်နိုင်ဟူသော တာဝန်မျိုးကို မိမိတို့ကိုယ်ပိုင် သမာရိုးကျမဟုတ်သော နည်းလမ်းများဖြင့် အောင်မြင်အောင် တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်တွင် ဗျူဟာမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူက ဤစာအုပ်တွင် မြန်မာနှင့်တကွ နိုင်ငံတကာ ကွန်မန်ဒိုဗဟုသုတများကို ရှာဖွေ မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ရသည်။ ကွန်မန်ဒိုဆိုတာ ဘာလဲ၊ ဘယ်လို အခြေအနေမှာ သုံးလဲ၊ လက်တွေ့ လေ့ကျင့်ရေး၊ အထူးတာဝန်တပ်ဖွဲ့များအကြောင်းကို ဦးစွာရှင်းလင်းထားပြီးနောက် မြန်မာ့တပ်မတော် ကွန်မန်ဒိုတိုက်ပွဲများဖြစ်ကြသည့် ဗကပအလယ်ပိုင်းဗျူရိုခေါ် ဗဟိုခွဲစခန်းအား စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲ၊ ဗဟိုဆေးကျောင်း အလင်းရောင်စခန်းကို တိုက်ခိုက်သည့် တိုက်ပွဲ၊ ကပ္ပလီနားက ကွန်မန်ဒိုအောင်ပွဲ၊ စာရေးသူကိုယ်တိုင် ပါဝင်ခဲ့သည့် ကွန်မန်ဒိုတိုက်ပွဲများအကြောင်းကိုလည်းကောင်း၊ ထို့နောက် ထူးခြားထင်ရှား ကမ္ဘာ့ကွန်မန်ဒိုတိုက်ပွဲများဖြစ်ကြသည့် မူဆိုလီနီအား ကယ်တင်ခဲ့စဉ်က တိုက်ပွဲ၊ ဗြိတိသျှကွန်မန်ဒိုများ၏ ဂျာမန်ဗိုလ်ချုပ်ကြီး ရွမ်းမဲလ်အား လုပ်ကြံမှုကြီး၊ အကြမ်းဖက် ပြန်ပေးဆွဲခြင်းခံရသည့် ပြင်သစ်လေယာဉ်ကို ပြင်သစ်ကွန်မန်ဒိုများက ကယ်တင်ခြင်း၊ အစ္စရေးတို့၏ ကမ္ဘာကျော် အင်တက်ဘီလေဆိပ်စစ်ဆင်ရေးကြီးအကြောင်းတို့ကိုလည်းကောင်း အသေးစိတ် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|