|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သောတာပတ္တိမဂ် ရှုဖွယ် (အရှုခံ ကျင့်စဉ် အရှုဉာဏ် မဂ်ကူးပုံ) (သဲအင်း ဇွဲတင်း အမြဲလင်း)
-
-
Author(s):
အရှင်စန္ဒိမာ (အောင်လံ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 404
- Binding: Paperback
- Publication Month Year: Dec-2005
- Size: 19 cm x 26 cm
|
- Description: ဝိပဿနာ တရားအားထုတ်ကြသည့် ယောဂီများအတွက် တရားကျင့်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုစေရန် သဲအင်းဂူဝိပဿနာရှုနည်းကို အကျယ်တဝင့် ရှင်းပြထားသော စာအုပ်ဖြစ်သည်။ စေးရောင်းသူသည် မိမိရောင်းမည့်ပစ္စည်းများကို ဝယ်သူများမြင်အောင် ခင်ကျင်းပြဘိသကဲ့သို့ တရားရှုမှတ်လိုသော ယောဂီများ တရားမကျင့်မီ ကြိုတင်သိထားအပ်သည်များကို သဘောသဘာဝနှင့်တကွ ရှင်းလင်းချက်များကို အခန်း ၁ တွင်လည်းကောင်း၊ မိမိရှုလိုသော ရုပ်နာမ် ပရမတ်အာရုံများကို ရှုမြင်နိုင်စေရန်နှင့် မိမိဆန္ဒနှင့် လျော်ညီသည့် ကျင့်စဉ်များကို ရွေးချယ်နိုင်ရန်အတွက် ကျင့်စဉ်တတ်ပုံ သမထယာနိက၊ ဝိပဿနာယာနိက နှစ်မျိုးလုံးကို အဓိပ္ပာယ်ဖွင့်ဆို အကျဉ်းချုံးပြဆိုထားချက်များကို အခန်း ၂ တွင်လည်းကောင်း၊ တကယ်ကျင့်၍ ပရမတ် ရုပ်နာမ်များကို ရှုမြင်သော ယောဂီသည် မည်ကဲ့သို့ ရှုမှတ်ပွားများသွားသည်ကို အခန်း ၃ တွင်လည်းကောင်း၊ လောကုတ္တရာ မဂ်(သို့) အရိယာမဂ်ကူးပုံနှင့် မဂ်ကူးမှု သဘောမဂ်ကူးပြီး ကြွေးကျန် မဂ်ပုဂ္ဂိုလ်၏ သဘောများကိုလည်း ဉာဏ်ဖြင့် မြင်လွယ်အောင်ကို အခန်း ၄ တွင်လည်းကောင်း အသေးစိတ်ရှင်းလင်းထားသည်။ ကျမ်းပြုဆရာတော်သည် အောင်လံမြို့တွင် တည်ထောင်ထားသည့် သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ တိုက်ခွဲ (၃၂)တွင် တရားပြသလျက်ရှိသော ဆရာတော်ဖြစ်သည်။ “သဲအင်း ဇွဲတင်း အမြဲလင်း”ဟူသော ဆောင်ပုဒ်အတိုင်း သဲအင်းဂူဆရာတော်၏ ဝိပဿနာရှုနည်း နိဿရည်းများကို ရှင်းလင်းစွာ သိရှိနားလည်ကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|