|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ခြေမစုံ လက်မစုံ ကျွန်တော့်ဘဝအတွေ့အကြုံ
-
-
Author(s):
ရဲမြလွင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 135
- Binding: Paperback
- Publication Month Year: Nov-2009
- Size: 13 cm x 21 cm
|
- Description: ဂျပန်နိုင်ငံ၌ သူငယ်ကလေးတစ်ယောက်သည် မွေးကတည်းက ခြေနှစ်ချောင်း လက်နှစ်ချောင်း ကင်းမဲ့ကာ တုံးတိတိလေး မွေးဖွားခဲ့သည်။ ထိုကလေးငယ်ကို သူ၏မိခင် မြင်တွေ့သွားပါက မီးတွင်းထဲတွင် မေ့မြောသွားမည် စိုးသဖြင့် တစ်လကြာအောင် ခွဲထားပြီးမှ တွေ့ခွင့်ပေးခဲ့ရသည်။ ထိုသို့ မွေးရာပါ ခြေလက်အင်္ဂါ မစုံဖြစ်ခဲ့သော်လည်း သူ၏ဘဝကို အနိုင်မခံ မရှုံးမပေးဘဲ စိတ်ဓာတ်မကျဘဲ ကြိုးစားရုန်းကန်ခဲ့ရာ ပြည်ပနိုင်ငံများက အာရုံစိုက်လာရသည်အထိ အောင်မြင်မှု သရဖူဆောင်းခဲ့သော ကမ္ဘာ့ထူးချွန်လူငယ်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျောင်းပညာရေးကောင်စီ လူကြီးများရှေ့တွင် သူ၏ ငုံးတိတိလက်ကလေးများနှင့် ပါးကို အသုံးချကာ စာရေးပြခြင်းဖြင့် ကျောင်းဝင်ခွင့်ရအောင် ပြုလုပ်နိုင်ခဲ့သလို ကျောင်းဘတ်စကတ်ဘောအသင်းတွင်လည်း ဝင်ရောက်ကစားခဲ့သေးသည်။ မြို့နယ်လုံးဆိုင်ရာ အင်္ဂလိပ်စကားပြောပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေး မနိမ့်ကြောင်းကိုလည်း ပြသနိုင်ခဲ့သည်။ နောက်ဆုံး ဂျပန်ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် ဝါဆဲဒါတက္ကသိုလ်သို့ဝင်ရောက်နိုင်ခဲ့သည်။ ထို့သို့ အားငယ်စရာများကြားတွင် အားကျစရာများ ပြည့်နှက်နေသော သူ့ဘဝအကြောင်းကို ယခုစာအုပ်တွင် အသေးစိတ် လေ့လာခွင့်ရကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|