|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နိဗ္ဗာန်အငြိမ်းစံလိုသူများအတွက် ပဋိစ္စသမုပ္ပါဒ် အလင်းကျမ်း
-
-
Author(s):
ဦးသိန်းဟန် (Digest)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 416
- Binding: Paperback
- Publication Month Year: Nov-2009
- Size: 16 cm x 21 cm
|
- Description: လယ်တီဆရာတော်၏ ပိဋကတ်အဆီ၊ ဒီပနီကျမ်းများစွာတို့၏ အဆီ လယ်တီတရားတော်များကို မြန်မာမှ ကမ္ဘာသို့တိုင် ပြန့်ပွားစေရန် ရည်ရွယ် ဖွဲ့စည်းထားသည့် လယ်တီဝိပဿနာ ပြန့်ပွားရေး ဗဟိုအဖွဲ့ချုပ်တွင် ကမ္မဋ္ဌာနစရိယအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော စာရေးသူက ဤစာအုပ်တွင် ပဋိစ္စသမုပ္ပါဒ်အကြောင်း၊ ဝါဒစွန်းနှစ်ခုအလယ် မဇ္ဈိမ ပဋိပဒါလမ်းကြောင်း ဖြစ်ပုံ၊ ပဋိစ္စသမုပ္ပါဒ်နှင့် သစ္စာလေးပါး သဘောသွား တူပုံ၊ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်း၊ သစ္စာလေးပါးနှင့် ပဋိစ္စသမုပ္ပါဒ် အပြန်အလှန် အကြုံးဝင်ပုံ၊ မိုင်းခိုင်းဆရာတော်၊ ညောင်လေးပင်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ ဆရာကြီး ဦးကျော်ထွတ်တို့၏ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံစံများ၊ ပဋိစ္စသမုပ္ပါဒ် အချက်အရာ ဒိဋ္ဌိများ၊ သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောဒိဋ္ဌိတို့၏ အမြစ်မူလဖြစ်ပုံ၊ လယ်တီ၊ မိုးညှင်း၊ ညောင်လေးပင်၊ ဒီပဲယင်း၊ နမ္မား၊ မဟာစည်ဆရာတော်တို့၏ ပဋိစ္စသမုပ္ပါဒ် ပါဠိအနက်, အရကောက်, သရုပ်ခွဲ, အဓိပ္ပာယ်, သံသရာစက်လည်ပုံ, ပြတ်ပုံ, ဝင်ရိုးချိုးပုံနှင့် သောင်းပြောင်းထွေလာများ၊ မူလပဋ္ဌာန်းဆရာတော်၊ လယ်တီဆရာတော်၊ ညောင်လေးပင်ဆရာတော်၊ မင်းကွန်းဆရာတော်တို့၏ အနုလောမ ပဋိစ္စသမုပ္ပါဒ်(ဖြစ်စဉ်) ပျို့လင်္ကာ အဖြေလွှာများ၊ လယ်တီဆရာတော်၏ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်(ချုပ်စဉ်) နိရောဓ ဓာတ်ကြီး ပါဠိတော်နှင့် အနက်အဓိပ္ပာယ်အကြောင်းအပါအဝင် ပဋိစ္စသမုပ္ပါဒ်အကြောင်း သိကောင်းစရာများကို စုစည်းဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|