|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ အချိန်မှစ၍ လွတ်လပ်ရေးရပြီး နှစ်နှစ်ခန့်အချိန်အတွင်း (၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်အတွင်း) ဖြစ်ပျက်ခဲ့ပုံများကို စာရေးသူ ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ရသော စစ်အတွေ့အကြုံများနှင့်အတူ မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ထိုအချိန်က နုနယ်လှသော လွတ်လပ်ရေး သက်တမ်းအတွင်း မုန်တိုင်းအထန်ဆုံးအချိန်ဟု ဆိုရလောက်အောင်ပင် နိုင်ငံရေး ဝါဒ၊ ခံယူချက် အယူအဆနှင့် သဘောထားများ ကွဲလွဲခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် လက်နက်ကိုင် တိုက်ပွဲများ ဆင်နွဲခဲ့ကြသည်။ စာအုပ်တွင် ရန်ကုန်အစိုးရဟုပင် လှောင်ပြောင်ခေါ်နေကြသည့် အချိန်၌ ဖြစ်ပွားခဲ့သည့် ဘုရားကြီးတိုက်ပွဲ၊ ဒိုက်ဦးမြို့ တစ်ဝိုက်မှ တိုက်ပွဲများ၊ ညောင်လေးပင်တိုက်ပွဲ၊ ဖောင်တော်သီ ရှမ်းစု တိုက်ပွဲ၊ လက်ခုပ်ကွင်း တိုက်ပွဲ၊ ကတုတ်ဘုရားကြီး ပတ်ဝန်းကျင်တိုက်ပွဲ၊ စာဗူးတောင်း ခံတပ်၊ မိုးကြိုးစစ်ဆင်ရေးဖြင့် ညောင်လေးပင်၊ တောင်ငူပတ်ဝန်းကျင်ကို ပြန်လည်သိမ်းပိုက်ခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ စာရေးသူသည် ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး အထက်ဖော်ပြပါတိုက်ပွဲများတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စာအုပ်တွင် သူတွေ့ကြုံခဲ့ရသည့် စစ်ပွဲအတွေ့အကြုံများကို ရသမြောက်စွာ မှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|