|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အေးအတူ ပူအမျှ
-
-
Author(s):
ဒေါ်ရီကြိန်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 166
- Binding: Paperback
- Publication Month Year: Oct-2018
- Size: 15 cm x 21 cm
|
- Description: သိပ္ပံမဂ္ဂဇင်းပါ စာရေးသူရေးသားသည့် အိမ်ထောင်ရေး ပြဿနာဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် စာရေးသူထံ စာနှင့် ဆက်သွယ်လာကြသည့် မြန်မာပြည်အနှံ့မှ အိမ်ထောင်ရှင်များ၏ အိမ်ထောင်ရေးပြဿနာများကို ဆောင်းပါးတစ်ပုဒ်စီဖြင့် သာဓကပြ ရေးသားထားပြီး ထိုပြဿနာများကို ဗုဒ္ဓတရားတော်လာ အဆုံးအမများ၊ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့်အညီ ဖြေရှင်းပေးထားသည်။ အိမ်ထောင်ပြုချင်လှသော လူပျိုကြီးများ၊ အပျိုကြီးမမတို့အတွက်၊ အကောင်းမြင်တတ်ပါစေ၊ တွဲရမည့်ညကြကာမှ ကွဲကြရသည်၊ အမေက ငယ်သေးတယ်တဲ့၊ သီရိဂေဟာ၊ လျှာနှင့် သွား၊ ကျွဲနှစ်ကောင် ခတ်ကြရာမှ၊ အိမ်ဦးနတ် မည်သူနည်း၊ ကိုယ်ချင်းစာတရား၊ နှစ်ဖက် မိဘ၊ ယောက္ခမမို့ ကြောက်ရမှာလားရှင်၊ ပထွေး၊ ဖခင်တစ်ဦး၏ သံဝေဂ၊ မတော်လျှင် အကော်ခက်ပါဘိ၊ မထီမဲ့ကင်း အပ်နှင်းဥစ္စာ၊ အငိုလွယ်၍ အရှိုက်ခက်၊ တစ်ခုလပ်၊ ဆုပ်လည်းဆူး စားလည်းရူး၊ မျက်နှာမများချင်ပါ .. သို့သော် အပါအဝင် ဆောင်းပါး ၂၉ ပုဒ်ပါရှိသည်။ အိမ်ထောင်ပြုကြတော့မည့် မောင်နှင့်မယ်များ အိမ်ထောင်မှု၏ သုခ ဒုက္ခ အဝဝကို ကြိုတင်သိထားရန်အတွက် ဖတ်ရှုသင့်သလို အိမ်ထောင်ကျပြီး အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒုက္ခရောက်နေသူများအတွက် ထွက်ပေါက်အဖြေတစ်ခုကို ရှာတွေ့နိုင်မည့် ဆောင်းပါးများဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|