|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဂေါတမ မြတ်စွာဘုရား ဘုရားမဖြစ်ခင် ဖြစ်ခဲ့သော ဘဝပေါင်း ၅၅ဝ (အတိအကျဆိုသော် ၄၉၇ ဇာတ်)ကို အပြည့်အစုံ အကျယ်သိရှိလိုသူများအတွက် ညောင်ကန်ဆရာတော်သည် ငါးရာငါးဆယ်ဇာတ်ဝတ္ထုစာအုပ်ကြီးများကို ရေးသားစီရင်ခဲ့ရာ စကားပြေအရေးအသား ရှင်းလင်းလွယ်ကူခြင်း၊ ဂါထာပါဠိ နိဿယများပါရှိသဖြင့် တရားဟော ဓမ္မကထိကများ ကိုးကားနိုင်ခြင်းတို့ကြောင့် လူသိများထင်ရှားခဲ့သည်။ ယခုစာအုပ်သည် ထိုငါးရာငါးဆယ်ဇာတ်ဝတ္ထုစာအုပ်ကြီးများကို အုပ်သေးများအဖြစ်ခွဲ၍ စီစဉ်ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး လက္ခဏမိဂဇာတ်(အရည်အချင်းမတူသည့် သမင် ၂ကောင်အကြောင်း)၊ နိဂြောဓမိဇာတ်(ခေါင်းဆောင်တို့၏ အရည်အသွေးကို ပြသည့်အကြောင်း)၊ ကဏ္ဍိဇာတ်(မ,ဘက်လိုက်၍ အသက်ဆုံးသောသမင်အကြောင်း)၊ ဝါတမိဂဇာတ်(ရသတဏှာ၏ အစွမ်းကြီးပုံအကြောင်း)၊ ခရာဒိယဇာတ် (ဆိုဆုံးမခက်သည့် သမင်အကြောင်း)၊ (တိမလ္လတ္ထဇာတ်( ဆိုဆုံးမလွယ်သည့် သမင်အကြောင်း)၊ မာလုတဇာတ် (လဆုတ်ချမ်း, လဆန်းချမ်း ပြဿနာအကြောင်း)၊ မတကဘတ္တဇာတ် (သူ့အသက်သတ်ခြင်း ရှောင်သင့်သည့်အကြောင်း)၊ အာယာစိတဘတ္တဇာတ် (သူ့အသက်သတ် နတ်ပူဇော်ခြင်း၌ အကျိုးမရှိခြင်းအကြောင်း)၊ နဠကပါနဇာတ် (အကြံပိုင်သော မျောက်များအကြောင်း)၊ ကုရုင်္ဂမိဂဇာတ် (ပညာရှိဆတ်နှင့် မုဆိုးအကြောင်း)၊ ကုက္ကုရဇာတ် (ခွေးပညာရှိအကြောင်း)၊ ဘောဇာဇာနီယဇာတ်(တာဝန်ကျေသော သိန္ဓောမြင်းအကြောင်း)၊ အာဇညဇာတ် (သေသည့်တိုင်အမှုထမ်းသော ရထားဆွဲမြင်းအကြောင်း)၊ တိတ္ထဇာတ် (မင်္ဂလာမြင်းနှင့် ပညာရှိအကြောင်း)၊ မဟိဠာမုခဇာတ် (မြင်မြင်သမျှဆည်းကပ်လွန်းက အကျင့်သီလပျက်သည့်အကြောင်း)၊ အဘိဏှဇာတ် (ခွေးနှင့်ဆင်တို့ အချစ်ကြီးပုံအကြောင်း)၊ နန္ဒိဝိသာလဇာတ်(ချိုသာသောစကားကို ပြောဆို သင့်သည့်အကြောင်း) အစရှိသည့် ဇာတ်တော် ၁၈ ဇာတ် ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|