|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပါရာဇိကဏ်ဘာသာဋီကာ (အတွဲ ၁)
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 656
- Binding: Paperback
- Publication Month Year: 1995
- Size: 16 cm x 24 cm
|
- Description: ဝိနည်းဆိုင်ရာ ပါဠိတော်ကြီးများမှာ ပါရာဇိကအပါအဝင် ငါးကျမ်းရှိသည်။ ရဟန်းတော်များ၏ အသက်သည် ပါရာဇိကလေးပါး ဖြစ်၏ ပါရာဇိကလေးပါးတွင် တစ်ပါးပါးမျှ မချွတ်ယွင်းသေးလျှင် ရဟန်းပင်ဖြစ်သည်၊ တစ်ပါးပါး ပေါက်ကျိုးလျှင်ကား၊ ရဟန်းမဟုတ်တော့ပြီ၊ အရေးကြီးလှ၏။ ထို့ကြောင့် ဤလေးပါးကို အရှင်မဟာဗုဒ္ဓဃောသက အဋ္ဌကထာပါဠိအနေဖြင့် ပထမအတွဲ၊ ဒုတိယတွဲ ၂ တွဲ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စုံစုံလင်လင် ရေးသားစီရင်ခဲ့သည်။ ဆရာတော် အရှင်ဇနကာဘိဝံသက ယင်းအဋ္ဌကထာ ၂ တွဲကို တဖန် ယခုကဲ့သို့ အမိမြန်မာဘာသာဖြင့် ၄တွဲခွဲကာ ပြည့်ပြည့်စုံစုံ ဖွင့်ပြထားတော်မူထားခြင်းဖြစ်သည်။ လေ့လာရလွယ်ကူရန် ပါဠိတော် နိဿယကိုပါ ဖြည့်သွင်းပေးထားသည်။ (က) ပထမတွဲမှာ စတုတ္ထဈာန်အဖွင့်အထိမှာ ပြီးသည်။ (ခ) ဒုတိယတွဲမှာ ဝိဇ္ဇာသုံးပါးအဖွင့်မှ ဒုတိယပါရာဇိက ဥဒကဋ္ဌကထာ အထိမှာပြီးဆုံးသည်။ (ဂ) တတိယတွဲမှာ နာဝဋ္ဌကထာအဖွင့်မှ ဒုတိယအုပ် အပြီးအထိပါဝင်သည်။ (ဃ) စတုတ္ထတွဲမှာ ကုဋိကာရသိက္ခာပုဒ်အဖွင့်မှာ ဒုတိယအုပ်အပြီးအထိပါဝင်သည်။ (ဆရာတော် အရှင်ဇနကာဘိဝံသသည် ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းကို ဖွင့်ဆိုထားသည့် အဋ္ဌကထာများကို မြန်မာနိဿယဖြင့် ပူးတွဲလေ့လာနိုင်ရန် ဘာသာဋီကာများ ပြုစုခဲ့ရာ ဤကျမ်းသည် တစ်ကျမ်းအပါအဝင်ဖြစ်သည်။)
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|