|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: လက္ခဏာပညာဆိုင်ရာ ဒေါက်တာဘွဲ့၊ ရာဘင်ဒြာနတ်တဂိုးဆု၊ မဟာပညာရှင် ဆုတံဆိပ်များအပါအဝင် ဗေဒင် လက္ခဏာဆိုင်ရာဆုကြီးများကို ရရှိခဲ့သူ စာရေးသူ ဒေါက်တာစံတင်အောင်(ရွှေဘို)က သူ၏ဘဝဇာတ်ကြောင်းကို သူကိုယ်တိုင် အကောင်းရော အဆိုးပါမကျန် အတ္ထုပ္ပတ္တိပုံစံဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။ ဆရာကြီး ငယ်စဉ် ၁၁ နှစ်သားအရွယ်အရောက်၌ ဆရာကြီး၏ ဖခင်ကို ရဲဘော်ဖြူများက ရက်စက်စွာ နှိပ်စက်ညှင်ပန်းခဲ့ကြပြီး လူမဆန်စွာ သတ်ဖြတ်လိုက်ကြပုံ၊ ထို့ကြောင့် အရွယ်နှင့် မလိုက်အောင် ဖတဆိုးလေးအနေဖြင့် ဘဝကို ဖြစ်သန်းခဲ့ရပုံ၊ သူပုန်ရန်ကြောင့် မုံရွာမြို့ပေါ်ရောက်သောအခါ၌လည်း နေစရာ မရှိ၊ စားစရာ နတ္ထိ ချို့ချို့တဲ့တဲ့ နေထိုင်ရုန်းကန်လာခဲ့ရပုံ၊ ထိုမှတဖန် အတန်းကျောင်းပညာသင်ရင်း ရန်ကုန်ရောက်လာသောအခါ ထီးပြင်၊ ဖိနပ်ချုပ်၊ စားပွဲထိုး၊ ပခုံးထမ်းအလုပ်သမားဘဝမှ စတင်ခဲ့ရပုံ၊ မနက် သတင်းစာပို့၊ နေ့လည် ပလက်ဖောင်းဈေးရောင်း၊ ညမှာ ကျောင်းတက်ပြီး ပညာရှာခဲ့ရပုံ၊ စာပေကျေးဇူးကြောင့် ဘဝအမြင်ကျယ်လာပုံ၊ တပ်ထဲဝင်ရောက်ပြီး တပ်ကြပ်စာရေးကြီးတာဝန်ထမ်းဆောင်ခဲ့ပုံ၊ တပ်ထဲတွင်ရှိစဉ် လက္ခဏာပညာနှင့် ထိတွေ့လေ့လာမိခဲ့ပုံ၊ ထိုနောက် တပ်မှထွက်ကာ လက္ခဏာဆရာအဖြစ် ခံယူ၍ အသက်မွေးဝမ်းကြောင်းပြုခဲ့ပုံ၊ နောက်ဆုံး အခက်အခဲများကြားထဲမှ နိုင်ငံရပ်ခြားအထိ လက္ခဏာဆရာအဖြစ် သွားရောက်ဟောကြားအောင်မြင်ခဲ့ပုံများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူက “ဤစာအုပ်ဖတ်ရှုသူတိုင်း အခက်အခဲကို ရင်ဆိုင်၊ ဒုက္ခကို ယှဉ်ပြိုင်ပြီး အောင်ပွဲအလီလီရစေမည်”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|