|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အဘိဓမ္မာ လက်ဆောင်
-
-
Author(s):
အရှင်တိလောကာဘိဝံသ (အင်းစိန်)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 242
- Binding: Paperback
- Publication Month Year: Jun-2004
- Size: 17 cm x 21 cm
|
- Description: အင်းစိန် ရွာမ ပရိပတ္တိစာသင်တိုက် တည်ထောင်၍ သာသနာ့တာဝန်များကို ထမ်းဆောင်လျက်ရှိသူ ဆရာတော် ဦးတိလောကသည် အဘိဓမ္မာ အခြေခံ တတ်သိလိုသော ဒါယကာ ဒါယိကာမများ၏ တိုက်တွန်းတောင်းပန်းမှုဖြင့် ဤကျမ်းကို ပြုစုခဲ့ခြင်းဖြစ်သည်။ အဘိဓမ္မတ္ထ(သင်္ဂြိုဟ်)ကျမ်းသည် ဘုရားရှင် အဘိဓမ္မာ ၇ ကျမ်း၌ ဟောတော်မူအပ်သော အနက်အဓိပ္ပာယ်တို့ကို တိုတိုနှင့် ကျဉ်းကျဉ်း၊ ရှင်းလင်း၊ လွယ်ကူစွာ တတ်သိအောင် ရေးသားထားသော ကျမ်းဖြစ်သည်။ သို့သော်လည်း ပါဠိဘာသာ မကျွမ်းကျင်သူများသည် ထိုကျမ်း၏ အရသာကို မသိရှိနိုင်ဘဲ ရှိကြရာ ဆရာတော်က ထိုအခက်အခဲကို ဤစာအုပ်ဖြင့် ဖြေရှင်းပေးထားသည်။ ဆရာတော်သည် ဤကျမ်းကို ပြုစုရာတွင် မူရင်းသင်္ဂြိုဟ်ကျမ်းလာ သင်ရိုးအားလုံးကို ပါဝင်စေခြင်း၊ သဂြုႋဟ်၌ တိုက်ရိုက်မလာသော်လည်း သိသင့်သော ဗဟုသုတများကို စုံအောင် ဖြည့်စွက်ထားခြင်း၊ အဘိဓမ္မာသင်ရိုးစာအုပ်အမျိုးမျိုး၏ အဆီအနှစ်များကို ပါဝင်စေခြင်း၊ မမေ့မပျောက်စေရန်နှင့် တစ်သက်လုံး စွဲမြဲနေစေရန် ကျစ်လစ်သိပ်သည်းသည့် ကဗျာ၊ လင်္ကာများဖြင့် မွမ်းမံပေးထားခြင်း၊ ကျမ်းညွှန်းများကိုလည်း သုတေသီများအတွက် စုံနိုင်သမျှစုံအောင် ညွှန်ပြထားခြင်းစသည့် အင်္ဂါရပ်များပါဝင်အောင် ရေးသားပြုစုထားသည်ဟု အမှာစာတွင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|