|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၃ဝ၉ ခုနှစ်မှ စ,တင် သင်ကြားပြသ လာခဲ့သည့် ဆရာကြီး ဦးကြင်ရွှေ၏ ပခုက္ကူဝိပဿနာသင်တန်းဟောစဉ်မှ နိဗ္ဗာန်တရားတော်ကို စာအုပ်အဖြစ် ရိုက်နှိပ်ပူဇော်လိုက်ခြင်းဖြစ်သည်။ ဆရာကြီးသည် ဤနိဗ္ဗာန်တရားတော်ကို ပို့ချရာတွင် ပါဠိ, အဋ္ဌကထာ, ဋီကာ အစဖြာ၍ များစွာသော ကျမ်းဂန်တို့တွင် ပါရှိသည့်အတိုင်း ခိုင်လုံသည့် အာဂမယုတ္တိ၊ သာဓကယုတ္တိ၊ သဘာဝယုတ္တိ အစရှိသည့် သုံးတန်သော ယုတ္တိများနှင့် ဆရာကြီး၏ ကိုယ်ပိုင်ဉာဏ်အားဖြင့် နှိုင်းယှဉ်၍ ထင်ထင်ရှားရှား အထောက်အထားပြလျက် သင်တန်းသားများ နားလည်နိုင်အောင် ဟောကြားထားသည်ကို တွေ့ရသည်။ နိဗ္ဗာန်တရား မဟောအပ်သော ပုဂ္ဂိုလ် ၅ မျိုး၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော တရား ၃ ပါး၊ မဖောက်မပြန်တတ်သော အရမတ္ထတရား ၄ ပါး၊ မရှိပညတ် ရှိပရမတ် နားလည်မှသာ နိဗ္ဗာနဓာတ်ကို လက်ခံနိုင်ပုံ၊ “နိဗ္ဗာန်က လေလို မီးခိုးလို ဘာမှမရှိဘူး”ဆိုသည့် အယူဝါဒသမားများ၏ ပြောစကား၊ ပစ္စက္ခနည်း အနုမာနနည်း နှစ်နည်းဖြင့် နိဗ္ဗာန်အာရုံပြုပုံ၊ မြတ်ဗုဒ္ဓ၏ အစိန္တေယျဂုဏ်တော်လေးမျိုးအကြောင်း၊ အကြောင်းလေးချက်တို့ဖြင့် မပြုပြင် အသင်္ခတ ပရမတ်တရားအပါအဝင် နိဗ္ဗာန်အကြောင်း သိကောင်းဖွယ်ရာများကို ပြည့်ပြည့်စုံစုံ နာကြားကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|