|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သံယောဇဉ်ဆွဲအား
-
-
Author(s):
စိန်လင်း (ခွဲစိတ်ကင်ဆာပါရဂူ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 409
- Binding: Paperback
- Publication Month Year: Apr-2011
- Size: 14 cm x 20 cm
|
- Description: ခွဲစိတ်နှင့် ကင်ဆာပါရဂူဖြစ်သည့် စာရေးသူသည် ကင်ဆာဝေဒနာရှင်များကို နေ့စဉ် ကုသ ထိတွေ့ ဆက်ဆံနေရသူဖြစ်ရာ ကင်ဆာဝေဒနာရှင်များသည် ဘဝဆည်းဆာမှာ ခံစားနေရသည့် ဝေဒနာတွေက တစ်ဖက်၊ မိမိသံယောဇဉ်တွယ်တာရသူတွေနှင့် ခွဲခွာရမည့် သောက ဖိစီးမှု ဆွဲအားတွေက တစ်ဖက်နှင့် အားငယ်နေသည်များကို မျက်မြင် ကိုယ်တွေ့ သိရှိခဲ့ရသည်။ ထို့ကြောင့်လည်း စာရေးသူ တွေ့ခဲ့ဖူးသည့် ဝေဒနာရှင်များအနက်မှ ဘဝဆည်းဆာမှာ အကောင်းဆုံး နေထိုင်သင့်သည့် နည်းလမ်းကိုကျင့်သုံးရင်း၊ မိမိကိုယ်တွင်းမှာ တရားရှာရင်း၊ တရားရှုမှတ်ရင်း စိတ်တည်ငြိမ်အေးချမ်းစွာဖြင့် ဆည်းဆာကာလလေးကို ဖြတ်ကျော်သွားပုံများကို အခြားဝေဒနာရှင်များ သိရှိစေရန် ဤစာအုပ်ကို ရေးသားထားခြင်းဖြစ်သည်။ ထို့အတူ ကင်ဆာဝေဒနာရှင်များသာမဟုတ် လူတိုင်း သေခြင်းတရားနှင့် နီးကပ်ပုံ၊ သေရာပါမည့် ဘာဝနာကုသိုလ်ဖြစ်သည့် ဝိပဿနာ တရားအားထုတ်ခြင်း၏ အကျိုးကျေးဇူးနှင့် အားထုတ်နည်း၊ ကင်ဆာ၏ သဘောသဘာဝ၊ စောစီးစွာသိက ကုသပျောက်ကင်းနိုင်ပုံတို့ကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။ ကင်ဆာဝေဒနာရှင်များနှင့်တကွ ဘဝဆည်းဆာ နေဝင်ချိန်ရောက်သူတိုင်း ဖတ်ရှုသင့်သည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|