|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: “စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို စိတ်နှလုံး တုန်လှုပ်မှု ဖြစ်ပေါ်စေတတ်သည့် သဘောတရား” အနက်အဓိပ္ပာယ်ရသည့် ကရုဏာအကြောင်းကို အကျယ်တဝင့် ဟောကြားထားသော တရားတော်ဖြစ်သည်။ စာအုပ်တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသော ဗြဟ္မဝိဟာရတရားလေးပါးအကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် သတ္တဝါများကို ကရုဏာထား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့ပုံ၊ မြတ်စွာဘုရား လက်ထက်တော်က ရောဂါဝေဒနာ ခံစားနေရပြီး ဘဝနေဝင်ချိန်သို့ ရောက်နေပြီဖြစ်သည့် တိဿမထေရ်၏ နေဝင်ဆည်းဆာအချိန်တွင် ဘုရားရှင်က ကရုဏာထားကာ ပြုစုစောင့်ရှောက်ခဲ့ပုံ၊ ကျန်းမာရေးနှင့် လူမှုကူညီရေးတို့သည် ကရုဏာကို အခြေခံပြီး လုပ်သည့် အရေးများဖြစ်၍ ဘဝဆည်းဆာရောက်နေသူများအတွက် အရေးပါသည့်တရားဖြစ်ပုံများကို သင့်လျော်ရာ ဇာတ်တော်များနှင့်အတူ ထည့်သွင်း ဟောကြားထားသည်ကို တွေ့ရသည်။ စာရေးသူဆရာတော်သည် ဤတရားတော်ကို စစ်ကိုင်းမြို့၊ သုခကာရီအသင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဟောကြားပေးထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|