|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပျိုးသောလက် ပွင့်သောပန်း
-
-
Author(s):
ခင်နှင်းဖွေး
- Type: Myanmar Books
-
Category:
မိသားစုရေးရာ
- No of Pages: 77
- Binding: Paperback
- Publication Month Year: Jun-2010
- Size: 13 cm x 21 cm
|
- Description: အမေရိကန်နိုင်ငံတွင် Teaching Strategies, Incကို ထူထောင်ထားသူ Diane Trister Dodgeနှင့် ၎င်းအဖွဲ့အစည်းမှာပင် အထက်တန်း တွဲဖက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်အရာရှိအဖြစ် လုပ်ကိုင်နေသူ Cate Heromanတို့ ပူးပေါင်းရေးသားထားသည့် Building Your Babys Brain A Parents Guide to The First Five Yearsကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ရင်သွေးငယ်များ၏ ဘဝတစ်လျှောက်လုံးအတွက် ဦးနှောက်ဖွံ့ဖြိုးမှုသည် မိခင်ဝမ်းကြာတိုက်ထဲမှာ နေချိန်က အစပြု၍ ငါးနှစ်အကြာ အချိန်အထိသည် အရေးအကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ ထို ၅ နှစ်နောက်ပိုင်းတွင်မူ ဦးနှောက်သည် ခပ်ဖြည်းဖြည်းနှုန်းဖြင့်သာ အလုပ်ဆက်လုပ်သည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။ ထိုသို့ ဦးနှောက်ဖွံ့ဖြိုးမှု အရေးကြီးဆုံးကာလ ၅ နှစ်တာအတွင်း ကလေးငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာများကို စနစ်တကျ ပြုစုပျိုးထောင်ရေးအတွက် ဤစာအုပ်တွင် အသေးစိတ် လမ်းညွှန်ထားသည်။ စာအုပ်တွင် ဦးနှောက်၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်၊ ကလေးငယ်၏ အမြင်အာရုံအကြောင်း၊ ကလေးငယ်ကို ပွေ့ပိုက်ထိတွေ့မှု ပြုလုပ်ပေးဖို့ လိုအပ်ပံ၊ ခံစားတတ်လာအောင်၊ ကိုယ့်ကိုကိုယ် ထိန်းသိမ်းတတ်လာအောင် သင်ပြပေးဖို့ လိုအပ်ပုံ၊ ကလေးငယ်များ၏ စကားပြောခြင်းနှင့် လေ့လာသင်ယူခြင်း၊ ကလေးငယ်တို့အတွက် ဂီတသံစဉ်နှင့် သင်္ချာ၊ လှုပ်ရှားခြင်းနှင့် အလုပ်ကူလုပ်ခြင်း၊ ကလေးငယ်တစ်ဦး၏ လေ့လာသင်ယူတိုးပွားရသည့်နည်းသည် ကစားတာဖြစ်ပုံ၊ ကလေးနှင့် အနုပညာနှင့် အခြား ရင်သွေးငယ်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ နည်းအသွယ်သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|