|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အင်္ဂလိပ်စကားပြောနည်း
-
-
Author(s):
ကေတီ ဦးတင့်လွင်
- Type: Myanmar Books
-
Category:
ဘာသာစကား / ဘာသာဗေဒ
- No of Pages: 125
- Binding: Paperback
- Publication Month Year: Feb-2006
- Size: 10 cm x 17 cm
|
- Description: S.A. Sorfroniouနှင့် D.W. Phillipsတို့၏ Statistically Frequent Sentences In Englishကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် မိမိပြောဆိုလိုသည်များကို တိုတိုနှင့် ထိထိမိမိ ပြောဆိုနိုင်ရေးအတွက် တစ်ကြောင်းဝါကျများကို ဦးစားပေး ဖော်ပြထားသည်ကို တွေ့သည်။ စာအုပ်ကို အခန်းများခွဲထားရာတွင် နေ့စဉ် ခင်ခင်မင်မင် စကားပြောခြင်း၊ အာလာပသလ္လာပ ပြောဆိုခြင်း၊ အခြားသူများ၊ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သော၊ အချိန်၊ အားလပ်ချိန်၊ အလုပ်အကိုင်ဟူ၍ အခန်းများခွဲခြားထားပြီး သက်ဆိုင်ရာ အခန်းအလိုက် ပြောဆိုရမည့် အကြောင်းအရာများကို စုံစုံလင်လင် ဖော်ပြထားသည်။ ထို့ပြင် အကြောင်းအရာ တစ်ခုတည်းအပေါ် ပုံစံအမျိုးမျိုးဖြင့် ပြောဆိုနိုင်ပုံကို လေ့လာနိုင်ရန် စီစဉ်ထားသည်ကိုလည်း တွေ့ရှိရသည်။ ဤစာအုပ်ပါ စကားပြောများသည် နေ့စဉ် မပြောမပြီး မသုံးမဖြစ်သည့် စကားပြောများအား သုံးသည့် ကြိမ်ဖန်ကို တိုင်းတာ၍ သုတေသနပြုကာ အမှန်တကယ် အသုံးများသော အဆင့်အတန်းမြင့်သော အင်္ဂလိပ်စကားပြောများကိုသာ ထည့်သွင်းဖော်ပြထားသည့်အတွက် မူရင်းစာအုပ်အမည်ကို Statistically Frequent Sentences In Englishဟုအမည် ပေးထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|