|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- လုပ်ချင်တာတွေ လုပ်နိုင်ဖို့ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့
-
-
Author(s):
ကြည်မင်း
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 183
- Binding: Paperback
- Publication Month Year: Sep-2018
- Size: 14 cm x 21 cm
|
- Description: University of Queenslandမှ BVS ခေါ် တိရစ္ဆာန် မွေးမြူဆေးကုဆိုင်ရာ ပထမဘွဲ့ကို ရယူပြီးနောက် မြန်မာနိုင်ငံမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် တာဝန်ခံ ပါမောက္ခချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူ၏ ဘဝအတွေ့အကြုံနှင့် တက်ကျမ်းဆောင်းပါးများ ပါဝင်သည့် စာအုပ်ဖြစ်သည်။ ဆင်းရဲသော ကျေးလက် အိမ်ထောင်စုမှ ထွက်ပြီး ပါမောက္ခချုပ်အဆင့်အထိ ရောက်ခဲ့ရသော စာရေးသူက ဆောင်းပါးများတွင် သူ၏ ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် ထိုအခက်အခဲများကို သူဘယ်လို ဖြတ်ကျော်ခဲ့သည် ဆိုသည်ကို မျှဝေထားသည်။ ပါဝင်သော ဆောင်းပါးအမည်များမှာ ရေးချင်နေသော စာ၊ ဖြစ်ချင်သော ဆန္ဒ၊ သားသမီး ပြုစုပျိုးထောင်ရေး၊ ကျွန်တော့်မိဘများ၊ ဖြည့်ဆည်းခြင်း၊ စာကျက်နည်း၊ ရောက်အောင်သွားနည်း၊ စိန်ခေါ်ရခြင်း ရလဒ်၊ မေတ္တာ၏ တန်ခိုး၊ ရဲရင့်ခိုင်မာသောစိတ်၊ အားဖြည့်လမ်းညွှန်စာပေ၊ ယိုင်သွားသူတစ်ဦး၊ ရေးထိုက်၍သာ၊ ဘဝလမ်းကြောင်းကို ပြောင်းစေခဲ့သော စာအုပ်၊ လုပ်ချင်တာနှင့် လုပ်သင့်တာ၊ အချိန်၊ ပင်ပေါင်၊ ပျံလွှားလေးတွေရဲ့ကျေးဇူး၊ အချိန်ကို စီမံခန့်ခွဲခြင်း၊ အမှားများ၊ သူရာနွံ၊ ချစ်သော ကိုဖူး၊ စာအုပ်များတို့ ဖြစ်ကြသည်။ “ပျံလွှားလေးတွေရဲ့ကျေးဇူး”ဆောင်းပါးမှာ နိုင်ငံရပ်ခြားတွင် ပညာသင်စဉ် “စာမေးပွဲမအောင်လျှင် ဖျာလိပ်ပြန်ရမည်။ အောင်လျှင်လည်း Creditအမှတ်အနည်းဆုံးရရမည်”ဆိုသော ဖိအားကြောင့် နောက်ဆုံးရက်သင်တန်းအပြီး ထိုင်းမှိုင်နေစဉ် ပျံလွှာငှက်များ အသိုက်ဆောက်ပုံကိုကြည့်ကာ အားတက်လာပြီး စာမေးပွဲကို ဖြတ်ကျော်နိုင်ခဲ့ပုံကို ရေးသားထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|