|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- တကယ့်ရှားလော့ဟုမ်း၏ ဘဝအထွေထွေ
-
-
Author(s):
လှမိုး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 280
- Binding: Paperback
- Publication Month Year: Aug-2010
- Size: 13 cm x 20 cm
|
- Description: ရှားလော့ဟုမ်းဝတ္ထုများဖြင့် ကမ္ဘာကျော်ခဲ့သော စာရေးဆရာကြီး ဆာအာသာကိုနင်ဒွိုင်း၏ ဘဝအကြောင်းကို စုံထောက်စာရေးဆရာ ဂျွန်ဒစ်ဆင်ကာရေးသည့် The Life of Sir Arthur Conan Doyle စာအုပ်နှင့် မိုက်ကယ်နှင့် မော်လိုင်ဟာ(ဒ်)ဝတ်(ခ)တို့ ရေးသားသည့် The Man Who was Sherlock Holmes စာအုပ်၊ စာရေးဆရာ ဘယ်ရင်ဂို(လ်)ရေးသော Sherlock Holmes၊ စာရေးဆရာ ပီတာကောစတယ်လိုရေးသော The Tral World of Sherlock Holmesစာအုပ်၊ ဆာအာသာကိုနင်ဒွိုင်း၏ သားဖြစ်သူ အင်ဒရီယန်ကွန်နင်ဒွိုင်းရေးသော The True Conon Doyleစာအုပ်တို့ကို မှီငြမ်း၍ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဆာအာသာကိုနင်ဒွိုင်း၏ ငယ်ဆရာ ခွဲစိတ်ကု ဆရာဝန်ကြီး ဂျိုးဇက်ဘယ်(လ်)၏ စူးစမ်းသည့် နည်းစနစ်နှင့် မူရင်းစာရေးသူ၏ စိတ်ကူးကောင်းသော ဝတ္ထုရေးနည်းတို့ ပေါင်းစပ်ရာမှ ထွက်ပေါ်လာသော ဇာတ်ကောင်ဖြစ်သည့် အလွတ်စုံထောက်ကြီး ရှားလော့ဟုမ်းဇာတ်လမ်းများကို ဘယ်လိုဘယ်ပုံရေးခဲ့သည်နှင့်တကွ သူ၏ အိမ်ထောင်ရေး၊ သူကြုံတွေ့ရခဲ့သည့် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ဝတ္ထုထဲမှ ဇာတ်ကောင် ရှားလော့ဟုမ်းကဲ့သို့ ပြင်ပတွင်လည်း အမှုများကို သေသေချာချာ ဝေဖန်ဆန်းစစ်တတ်ပုံ၊ သူနှင့် စိတ်ဝိညာဉ်လောက အတွေ့အကြုံများအပါအဝင် သူဘဝ၊ သူ့အကြောင်းကို သူကွယ်လွန်ခဲ့ချိန်အထိ အသေးစိတ် မှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|