|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တရားအားထုတ်သူတိုင်း မသိမဖြစ် သိထားရမည့် ဝိသုဒ္ဓိ ၇ ပါးကို တစ်ပါးလျှင် တရားတစ်ပုဒ်နှုန်းဖြင့် အသေးစိတ် ဟောကြားထားခြင်းဖြစ်သည်။ ဝိသုဒ္ဓိဆိုသည်မှာ စင်ကြယ်ခြင်းဖြစ်သည်။ တရားအားထုတ်ရာတွင် စင်ကြယ်ရမည့် ဝိသုဒ္ဓိ ၇ ပါးရှိရာ ၎င်းတို့မှာ သီလဝိသုဒ္ဓိ (သီလစင်ကြယ်ခြင်း)၊ စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်ခြင်း)၊ ဒိဋ္ဌိဝိသုဒ္ဓိ (သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဆိုသည့် ဒိဋ္ဌိ ၃ မျိုး စင်ကြယ်ခြင်း)၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ (ယုံမှားသံသယ စင်ကြယ်ခြင်း)၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိတို့ဖြစ်ကြသည်။ ထိုတစ်ပါးချင်းစီ၏ ဆိုလိုရင်းနှင့် စင်ကြယ်အောင်ပြုလုပ်ပုံတို့ကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယခံတပည့် စာရေးသူဆရာတော်က တရား ၇ ပုဒ်ခွဲကာ အကျယ်တဝင့် ဟောကြားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|