|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: William J-Duiker၏ A Biography Ho Chi Munhကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဗီယက်နမ် လွတ်လပ်ရေး ဗိသုကာ၊ ၂ဝ ရာစု၏ သြဇာအရှိဆုံး နိုင်ငံရေးသမားတစ်ယောက်ဖြစ်သလို လျှို့ဝှက်အဆန်းကြယ်ဆုံးသူတစ်ယောက်လည်းဖြစ်သူ၊ ကမ္ဘာပေါ်မှ အဖိနှိပ်ခံ ပြည်သူအားလုံး၏ လွတ်မြောက်မှုအတွက် သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့သူ၊ ဗီယက်နမ်ပြည်သူများ၏ ဘဝကောင်းစားရေးအတွက် သူ့ဘဝကို မြှုပ်နှံခဲ့သူ၊ သို့သော် တစ်ဖက်ဝေဖန်သူများကလည်း သူ့ကြောင့် ဖြစ်ပေါ်ခဲ့ရသော တော်လှန်ရေးဆိုင်ရာ လွန်ကျူးမှုများကို ထောက်ပြပြီး သူ့ကို ပုတ်သင်ညိုလူ၊ သိုးရေခြုံထားသော ဝံပုလွေ အစရှိသည်ဖြင့် စွပ်စွဲခြင်း ခံခဲ့ရသူ၊ စသည် စသည် အကောင်းအဆိုးများ ရောပြွန်းနေသည့် သူ့ဘဝ အစအဆုံးကို ဤစာအုပ်တွင် လေ့လာကြရမည်ဖြစ်သည်။ စာအုပ်၏ မာတိကာနှင့် မိတ်ဆက်အခန်းကို စာမြည်းရန်တွင် ဖတ်ရှုနိုင်ပါသည်။ သူ၏ ဘဝနှင့်တကွ ဗီယက်နမ်တော်လှန်ရေးကာလ ရှားပါးဓာတ်ပုံများကိုပါ ထည့်သွင်းပုံနှိပ်ထားသည်ကို တွေ့ရသည်။ ဟိုချီမင်းဆိုတာ ဘယ်သူလဲ၊ ဗီယက်နမ်နိုင်ငံအတွက် သူဘာတွေလုပ်ပေးခဲ့သလဲ၊ သူ၏ စိတ်ဓာတ်၊ သူ၏ နိုင်ငံရေးဝါဒ၊ သူ့၏ လုပ်ရည်ကိုင်ရည်၊ သူ့အပေါ် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူများ၏ အမြင်၊ သူ့ကို အာဇာနည်ခေါင်းဆောင်ဟု ဘာတွေကြောင့် သတ်မှတ်ကြသလဲဆိုသည်တို့ကို စာအုပ်ပါအကြောင်းအရာများမှ အဖြေပေးမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|