|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မဟာမြိုင်တောကြီးမှာ သာသနာပြုခြင်းနှင့် ပန်ထွာဘုရင်မ၏ ဘဝဓမ္မအလင်းရောင်
-
-
Author(s):
မောင်သွေးချွန်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 168
- Binding: Paperback
- Publication Month Year: Sep-2010
- Size: 13 cm x 21 cm
|
- Description: မဟာဗောဓိမြိုင်ဆရာတော်သည် ရဟန်းဖြစ်သည်မှစ၍ မြန်မာပြည်အရပ်ရပ် တောတောင်များတွင် အရညဝါသီတောရပ်မှီလျက် ဝိပဿနာတရားများ ကျင့်ကြံပွားများ အားထုတ်တော်မူလျက်ရှိရာ အလွန်တောကြမ်းပါသည်ဟုဆိုသော မဟာမြိုင်တောကြီးသို့ ၂ဝဝ၃ ခုနှစ်က ရောက်ရှိလာခဲ့သည်။ ထို့နောက် မဟာမြိုင်တောကို နောက်ဆုံးစခန်း၊ နောက်ဆုံးတောရအဖြစ် ကြေငြာ၍ ယနေ့ထက်တိုင် တစ်ပါးတည်း ဧကစာရီ ဝိပဿနာတရား ပွားများ အားထုတ်လျက်ရှိသည်။ တောင်တန်းဆရာတော် ဦးဥတ္တမက မဟာမြိုင်တောနှင့် ပတ်သက်၍ သာမန်မျှသော သီလ သမာဓိ ပညာဖြင့် ထိုတောကြီးတွင် တရားကျင့်ခွင့်မရနိုင်ကြောင်းနှင့် တောကြမ်းပုံများကို ဆောင်းပါးများတွင် အရိပ်အမြွတ် ရေးသားခဲ့သည်။ ထိုသို့ တောကြမ်းလှပါသည်ဆိုသော မဟာမြိုင်တောတွင် မဟာဗောဓိမြိုင်ဆရာတော်သည် အောင်မြင်စွာ သာသနာပြုလျက်ရှိပြီ ဖြစ်သည်။ ဆရာတော်၏ ဖိတ်ခေါ်မှုဖြင့် စာရေးသူ မောင်သွေးချွန်တို့အဖွဲ့သည် မဟာမြိုင်ကျောင်းသို့ ရောက်ရှိခဲ့ရာ ဆရာတော်က ကျောင်းအသစ်ဆောက်ရန် တာဝန်ပေးခြင်းခံခဲ့ရသည်။ ယခုစာအုပ်တွင် စာရေးသူ မောင်သွေးချွန်တို့ ကျောင်းဆောက်တာဝန်ခံအဖွဲ့ ကြုံတွေ့ခဲ့ရသည့် ဂမ္ဘီရဆန်ဆန် ဖြစ်ရပ်ဆန်းများ၊ ကျောင်းဆောက်လုပ်ခဲ့သည့် အတွေ့အကြုံများ၊ ဗိဿနိုးမယ်တော်ကြီး(ဝါ) ပန်ထွာဘုရင်မ၏ နန်း၊ စိတ်ဝင်စားဖွယ် ပန်ထွာဘုရင်မ၏ သမိုင်းကြောင်း၊ မဟာမြိုင်တောတွင်းရှိ ပရလောကသားတို့သည် တောတွင်းသို့ တရားလာကျင့်ကြသည့် ရဟန်းများကို ရဟန်းအစစ် ဟုတ် မဟုတ် စမ်းသပ်လေ့ရှိကြပုံ၊ ကျောင်းဆောက်စဉ် အခက်အခဲများနှင့် နောက်ဆုံး အားလုံးကို ကျော်လွှား၍ ကျောင်းကို အောင်မြင်စွာ တည်ဆောက်ပေးနိုင်ခဲ့ပုံများကို စိတ်ဝင်စားဖွယ် တင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|