|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓဂုဏ်တော်ကိုးပါးနှင့် ကိုယ်တွေ့အကျိုးများ
-
-
Author(s):
ချောင်းဆုံ အုံးသွင်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 107
- Binding: Paperback
- Publication Month Year: Oct-2010
- Size: 13 cm x 20 cm
|
- Description: ဗုဒ္ဓဂုဏ်တော်ပွားများ၍ ကျရောက်လတ္တံ့သော အန္တရာယ်အမျိုးမျိုးတို့မှ လွတ်မြောက်ခဲ့ရသူများ၏ ကိုယ်တွေ့ဖြစ်ရပ်များကို တင်ပြရေးသားထားခြင်းဖြစ်သည်။ စာအုပ်တွင် ဦးစွာ ဂုဏ်တော် ၃ ပါး ဘုရားရှိခိုး၊ ဂုဏ်တော် ၉ ပါး ဘုရားရှိခိုး၊ အရဟံဂုဏ်တော်၏ အဓိပ္ပာယ်တို့ကို ဦးစွာရှင်းပြထားသည်။ ထိုနောက် အရဟံဂုဏ်တော်နှင့် ကိုယ်တွေ့အကျိုး၊ အရဟံဂုဏ်တော် ပုတီးအပတ် တစ်ထောင်နှင့် စာရေးသူ ကိုယ်တွေ့၊ သောင်းကျန်းသူများ သေနတ်ဖြင့် တေ့ပစ်သော်လည်း အရဟံဂုဏ်တော်တန်ခိုးကြောင့် လွဲသွားခြင်း ခံခဲ့ရသူ၊ ကျိန်းသေကျရှုံးမည့် စာမေးပွဲ အရဟံဂုဏ်တော်ကြောင့် အောင်မြင်ခဲ့သူ၊ ဘုရားဖူးခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲအမျိုးမျိုးကို သုဂတောဂုဏ်တော်ဖြင့် လွန်မြောက်ခဲ့သူ၊ ရွှေစက်တော် ရေဘေးတွင် အရဟံပုတီးစိပ်ကြောင့် လွတ်မြောက်ခဲ့သူ၊ ဟီနိုးကားပေါ်မှ လွင့်ကျခဲ့သော်လည်း ဂုဏ်တော် ၉ ပါး ပွားများမှုကြောင့် ကြောက်စရာ သေဘေးမှ လွတ်မြောက်ခဲ့သူ စာရေးဆရာ တက္ကသိုလ်စိန်တင်၊ ခြောက်နှစ်ဆက်တိုက်ကျခဲ့သည့် စာမေးပွဲကို ဂုဏ်တော်ပွားများမှုဖြင့် အောင်မြင်ခဲ့သူ၊ လေးထပ်တိုက်ပေါ်မှ ကျွန်းတံခါးဘောင်ကြီး ပြုတ်ကျ၍ နဖူးမှန်သော်လည်း ဂုဏ်တော်ပုတီးစိပ်ကြောင့် ဒဏ်ရာကြီး မရခဲ့သူ၊ ကားမှောက်ရာတွင် ဂုဏ်တော်နဝင်းပုတီးစိပ်ကြောင့် သေဘေးမှလွတ်မြောက်ခဲ့သူ သုတေသီမြင့်ထွန်းတို့၏ ကိုယ်တွေ့ဖြစ်ရပ်များကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|