|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- လွမ်းပင်တိုင်စံနှင့် နန်းဘုံသီဟာဘွေ
-
-
Author(s):
ကြည်ဦး
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 135
- Binding: Paperback
- Publication Month Year: May-2004
- Size: 13 cm x 21 cm
|
- Description: ကွယ်လွန်သူ စာရေးဆရာ မလေးလုံသည် သူမ,ထုတ်ဝေခဲ့သော လုံမလေး မဂ္ဂဇင်းအတွက် စာရေးသူအား “ရာဇဝင်ဝတ္ထု”ရေးပေးပါဟု တောင်းဆိုခဲ့၍ ဤဝတ္ထုကို ရေးဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားသည်။ မြန်မာစကားတွင် “ကိုယ်ကောင်းလျှင် ခေါင်းမရွေ့”ဟုဆိုလေ့ရှိသော်လည်း “အနောက်နန်းမတော် မမြကလေး”၏ အဖြစ်မှာ “ကိုယ်ကောင်းပါလျက် ခေါင်းရွေ့သွားရရှာသည်”အဖြစ်မျိုးဖြစ်သည်ဟု ရာဇဝင်လိုက်စားသူတိုင်းက ဆိုလေ့ရှိသည်။ မင်းပြောင်း မင်းလွဲခေတ်၌ မိမိဘုရင်ဖြစ်ရေး၊ အာဏာရရှိရေးအတွက် စတေးခံလိုက်ရရှာသည့် မမြကလေး၊ သား၊ မယ်တော်နှင့် ပြည်စားမင်းသားတို့၏ မိသားစုအဖြစ်မှာ အသက်ဆုံးရှုံးရသည့်အပြင် နာမည်ဂုဏ်သတင်းပါ ညှိုးနွမ်းသွားကြရှာသည်မှာ အလွန်ပင် ရင်နာဖွယ်ကောင်းလှသည်။ ထို “အနောက်နန်းမတော် မမြကလေး”အကြောင်းကို ဤစာအုပ်တွင် ဝတ္ထုပုံအသွင်ဖြင့် ဖတ်ရှုရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ကို ရာဇဝင်ကျမ်းစာအုပ်များလာ အဖြစ်အပျက်များနှင့် ကိုက်ညှိရေးသားထားသည့်အပြင် “အနောက်နန်းမတော် မမြကလေး”၏ မြေးတော်သည့် ဟင်္သာတမြို့ အမိန့်တော်ရ ရှေ့နေဦးပု၏ မှတ်တမ်းများကိုလည်း မှီး၍လည်း ရေးသားထားခြင်းဖြစ်သည်။ ထိုမှတ်တမ်းများတွင် အဖွား၏ ဆွေစဉ်မျိုးဆက်နှင့်တကွ အဖွား၏ ဇာတာ၊ အဖွားတော်ကောက်ခြင်း ခံရသည့်အခါမှစ၍ နာမည်ဆိုးဖြင့် လုပ်ကြံလည်ဆည်ခံရကာ ကွယ်လွန်သွားသည်အထိ နာကျည်းစွာ ခံစားသွားရသည်များကို အသေးစိတ် မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|