|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အချိန်တိုင်း နေရာတိုင်း၌ လူတိုင်းနှင့် စကားပြောနည်း (ထိရောက်သော ပြောဆိုဆက်ဆံရေး၏ လျှို့ဝှက်ချက်များ) (How to Talk to Anyone, Anytime, Anywhere) (The Secret of Good Communication)
-
-
Author(s):
မောင်မြတ်မိုး
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 223
- Binding: Paperback
- Publication Month Year: Oct-2010
- Size: 13 cm x 21 cm
|
- Description: CNN၏ ပင်တိုင်သတင်းကြေညာသူအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု သမ္မတအဆက်ဆက် အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အနုပညာနယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ပြောဆုခဲ့ရသော ပုဂ္ဂိုလ်ဖြစ်သည့် လာရီကင်း၏ စကားပြောဟောနည်း စာအုပ်ဖြစ်သည်။ စာအုပ်တွင် ဖော်ပြထားသော စကားပြောဟောနည်း စာအုပ်များမှာ သူလျှောက်လှမ်းခဲ့ရသော လက်တွေ့ဘဝတွင် မှတ်ကျောက်တင်ပြီးသော နည်းလမ်းများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ခူးပြီးခပ်ပြီး အသုံးပြုနိုင်သည့် စကားပြောနည်းများပင် ဖြစ်သည်။ ကာလ၊ ဒေသ၊ အခြေအနေနှင့်အညီ စကားပြောဆိုနည်းများကို အခန်းပေါင်း ၁၂ ခန်းဖြင့် ဝေဝေဆာဆာ ဖော်ပြထားပြီး သူ၏ ကိုယ်ပိုင် အတွေ့အကြုံများသာမကဘဲ အောင်မြင်နေသော စကားပြောကောင်းသူ ပုဂ္ဂိုလ်များ၌ တွေ့ရတတ်သည့် တူညီသည့် အရည်အချင်းများကိုပါ ထည့်သွင်းဖော်ပြထားသည်။ ဖတ်ရှုရာတွင်လည်း ပေါ့ပေါ့ပါးပါးဖြစ်စေရန်နှင့် ပညာရပ်ဆန်ဆန်ပုံစံမျိုးမဖြစ်မိစေရန် စီစဉ်ရေးသားထားသည်ဟု ဆိုသည်။ စကားပြောပွဲစတင်နည်း၊ မိန့်ခွန်းပြော တင်ပြနည်း၊ လူမှုရေးစကားဝိုင်း (သို့မဟုတ်) အများပြည်သူရှေ့ဟောပြောပွဲတွင် ဟာသအသုံးပြုနည်း၊ အလုပ်အင်တာဗျူးတွင် စကားပြောနည်း၊ ထိရောက်သော စီးပွားရေး ဆွေးနွေးပွဲတစ်ပွဲအတွက် သောချက် ၃ ချက်၊ အကောင်းဆုံး စကားပြောသူများတွင် အတူတူ ရှိကြသော အရည်အချင်း ၈ ခု စသည် စသည်တို့ကို စိတ်ဝင်စားဖွယ် လေ့လာကြရမည်ဖြစ်သည်။ မူရင်းစာအုပ်အမည်မှာ Larry King with Bill Gilbert၏ How to Talk to Anyone, Anytime, Anywhere The Secrets of Good Communicationဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|