|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မန္တလေးမြို့၊ ဓမ္မစကြာ ပဋိပတ် သာသနာပြုရိပ်သာ၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရသည် မြန်မာသက္ကရာဇ် ၁၃၆၇ ခုနှစ် သင်္ကြန်အချိန်ကာလတွင် သင်္ကြန်အကျနေ့မှစ၍ နှစ်ဆန်းတစ်ရက်နေ့အထိ ၄ ရက်တိုင်တိုင် မေတ္တာကျင့်စဉ်တရားတော်ကို ဟောကြားချီးမြှင့်ခဲ့ရာ ယခုစာအုပ်မှာ ဆရာတော်၏ တစ်နေ့ချင်းအလိုက် တရားတော်များကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ တရားတော်များတွင် ဗြဟ္မဝိဟာရတရားသည် အရေးကြီးပုံ၊ အနဓိဝါသနခန္တီဆိုသည်မှာ၊ မေတ္တာစ မပို့သင့်သည့် ပုဂ္ဂိုလ်၊ မေတ္တာ မပို့သင့်သော ပုဂ္ဂိုလ်၊ ဒေါသ၏ အပြစ်ငါးပါး၊ တောင်တန်းဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံ၊ ဆေးဝင်္ကဘာဆရာတော်တို့၏ မေတ္တာပို့နည်းများ၊ မနောကံမေတ္တာ၊ မေတ္တာဂုဏ်ရည် ၅ မျိုး၊ မေတ္တာမှာ အနိမ့်အမြင့် မရှိရပုံ၊ ၅၂၈ သွယ် မေတ္တာအကြောင်း၊ အရပ် ၁ဝ မျက်နှာ မေတ္တာပွားပုံ၊ နတ်သုံးမျိုး၊ မေတ္တာအကျိုး ၁၁ မျိုး၊ မေတ္တာသုတ်လာ မေတ္တာဘာဝနာအပါအဝင် မေတ္တာပွားပုံ နည်းမျိုးစုံနှင့် မေတ္တာအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောကြားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|