|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်ဟူသော ၁၂ ရာသီခွင်များ၏ ရာသီတစ်ခုချင်းစီတွင် ဖွားမြင်သော အမျိုးသား၊ အမျိုးသမီးများအတွက် အခြေခံစရိုက်သဘာဝ၊ စိတ်နေစိတ်ထားများ၊ ကံကြမ္မာအနေအထားများ၊ ဘဝတစ်သက်တာတစ်လျှောက် ဆောင်ရန် ရှောင်ရန်များ၊ ဆင်ခြင်သုံးစွဲစရာများ၊ လိုက်နာကျင့်သုံးစရာများကို ဗေဒင်နည်းအရ အသေးစိတ် တွက်ချက် စိစစ်တင်ပြထားသော စာအုပ်ဖြစ်သည်။ စာရေးသူက အမှာစာတွင် ရေးသားထားရာ၌ “ဤဟောကိန်းများ ရေးသားနိုင်ရန်အတွက် ထိုပညာခွင်အကြောင်းကို ၇ နှစ်ခန့် ပင်ပင်ပန်းပန်းကြိုးစားခဲ့ရသည်။ ဟောစတမ်းဖတ်သူများအပြင် သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးလိုသည့်အတွက် ကျမ်းအစောင်စောင်ကို ဖတ်မှတ် စိစစ်ပြီး ပြုစုထားခြင်းဖြစ်သည်။“ဟု ဆိုသည်။ စာရေးသူသည် ဤဟောစာတမ်းများကို နေလဂမ္ဘီရဂျာနယ်တွင် ဆက်တိုက်တင်ပြပြီးနောက် ယခုကဲ့သို့ စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|