|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရုပ်ပြဗုဒ္ဓဝင်
-
-
Author(s):
ဦးဂိုအင်ကာ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 31
- Binding: Paperback
- Publication Month Year: Mar-2011
- Size: 28 cm x 20 cm
|
- Description: ဆရာကြီး ဦးဂိုအင်ကာ၏ ဦးစီးမှုဖြင့် တည်ထားသော အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ်ကြီးတွင် ပြသထားသည့် ဗုဒ္ဓဝင်ဆိုင်ရာ သရုပ်ဖော်ပုံများနှင့် အဆိုပါပုံများ၏ မြန်မာစကားပြေရှင်းလင်းချက်များကို ပန်းချီတစ်မျက်နှာ၊ စာတစ်မျက်နှာပုံစံဖြင့် တွဲဖက်ထုတ်ဝေထားခြင်း ဖြစ်သည်။ ပန်းချီလက်ရာများမှာ အိန္ဒိယနိုင်ငံမှ နာမည်ကျော် ပန်းချီပညာရှင်ကြီး ဝါဆူဒေဝ်ကာမက်၏ ဦးဆောင်မှုဖြင့် မြန်မာပန်းချီပညာရှင် ဦးမြင့်ထွေး၊ ဦးအောင်ဘတို့အဖွဲ့က လက်ရာပြောင်မြောက်စွာ ရေးဆွဲပူဇော်ထားခြင်းဖြစ်သည်။ ဒီပင်္ကရာမြတ်စွာဘုရားထံမှ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူတော်မူပုံမှ စတင်ကာ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲထိ ဗုဒ္ဓဝင်နှင့် သင်္ဂါယနာသမိုင်းကြောင်းကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။ တစ်အုပ်လုံးကို ကြွေစက္ကူချောများသုံးကာ ရောင်စုံရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ စာမြည်းရန်တွင် မာတိကာနှင့် အတွင်း ၂ မျက်နှာကို ဖတ်ရှုနိုင်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|