|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ရဲမြလွင်မှ ဘာသာပြန်ဆိုထားခြင်းသည့် Michio Takeyama၏ Biruma No Tategoto ဝတ္ထုကို ပန်းချီ မျိုးညွန့်ထွန်းမှ ရုပ်ပြဇာတ်လမ်းအဖြစ် ရေးဆွဲထားခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်၌ စစ်ရှုံး၍ ဆုတ်ခွာနေရသော ဂျပန်တပ်များအနက်မှ တပ်စု တစ်စုကို ဂျပန် ဂီတသုခမကျောင်းဆင်း ဗိုလ်ကြီးတစ်ဦးက ဦးဆောင်လာခဲ့သည်။ ထိုဗိုလ်ကြီးသည် ဂီတကျောင်းဆင်း ဖြစ်သည့်အတိုင်း မြန်မာပြည်မှ စောင်းကောက်နှင့် မြန်မာပြည်သူတို့အပေါ် အလွန်နှစ်ခြိုက်သဘောကျခဲ့သည်။ အချိန်ရတိုင်းလည်း စောင်းကောက်နှင့် လေ့ကျင့်ခဲ့သည်။ နောက်ဆုံး သူတို့တပ်စိပ် မြန်မာ ယိုးဒယားပြည်နယ်စပ် ရောက်ချိန်တွင် အင်္ဂလိပ်တပ်တို့၏ ဝိုင်းခြင်းကို ခံခဲ့ရရာ ထိုဂျပန်ဗိုလ်ကြီး ဆိုလိုက်သော သီချင်းတစ်ပုဒ်ကြောင့် ဂျပန်တို့ အသက်ချမ်းသာရာရခဲ့သည်။ သုံ့ပန်းဘဝသို့ရောက်သွားခဲ့သော သူတို့တပ်စိပ်သည် ဂျပန်ပြည်ပြန်ပို့ခံရနီးချိန်၌ ထိုဂျပန်ဗိုလ်ကြီးသည် ဘုန်းကြီးဝတ်ပြီး မြန်မာပြည်၌နေခဲ့ရာမှ ... ။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|