|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၉၁၃ ခုနှစ် ဇူလိုင်လအတွင်း ကန်ဆက်မြို့သား လူမသိ သူမသိ ကာတွန်းဆရာလေးတစ်ယောက်ဖြစ်သည့် Walt Disneyသည် အိတ်ကတ်ထဲတွင် ဒေါ်လာ ၄ဝ ဖြင့် ဟောလီးဝုဒ်သို့သွားရန် ရထားပေါ်သို့ တက်ခဲ့သည်။ သူသည် ဒါရိုက်တာလုပ်ဖို့ ဆန္ဒပြင်းပြနေသူဖြစ်သော်လည်း စတူဒီယိုကြီးများတွင် လုပ်ငန်းခွင်ဝင်သောအခါတွင်ကား အတွေ့အကြုံမရှိသော သူ့ကို မည်သူမျှ အထင်မကြီးကြပေ။ သို့ဖြစ်ရာ သူသည် ကားဂိုဒေါက်တစ်ခုတွင် ယာယီအလုပ်စခန်းထူထောင်လိုက်ပြီး မစ်ကီဟူသော ကာတွန်းဇာတ်ကောင်ကို စတင်မွေးဖွားခဲ့သည်။ ထိုဇာတ်ကောင်မှစတင်ကာ သူရော၊ မစ်ကီကြွက်ကလေးပါ နာမည်ကျော်ကြားလာခဲ့သည်။ ဤစာအုပ်တွင် အများပြည်သူသိသော ပုံရိပ်နောက်ကွယ်မှ Walt Disney၏ အကြောင်းကို ထုတ်ဖော်တင်ပြထားသည်။ မှုန်တေတေ နိုင်လှသော်လည်း ချစ်စရာကောင်းသော၊ ဝန်ထမ်းများကို ကာတွန်းကားအတွက် ကာတွန်းပုံသစ်များ ထုတ်ပေးတတ်သော၊ အပျော်စီးရထားတစ်စီးအတွက် စည်းစိမ်များ အကုန်ခံ၍ သမီးများကို ပျော်ရွှင်စေကာ ဇနီးသည်အား ထိတ်လန့်စေခဲ့သူ၊ စနိုးဝိုက်၊ ဘမ်ဘီပီနိုချီယို၊ ဖန်တက်စီယာကဲ့သို့ နာမည်ကျော် ကာတွန်းကားများကို လျှို့ဝှက်ကြံစည် ဖန်တီးခဲ့သူ Walt Disney ၏ ဘဝဖြတ်သန်းမှုများကို အတွင်းကျကျ သိရှိရစေမည်ဖြစ်သည်။ မူရင်းစာအုပ်အမည်မှာ Bolt Thoms၏ A Biography Walt Disneyဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|