|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- လူကြီးများဖတ်ဖို့ ကလေးတို့အကြောင်း
-
-
Author(s):
ကျော်ဆန်း (Eduzone)
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 160
- Binding: Paperback
- Publication Month Year: Nov-2011
- Size: 14 cm x 21 cm
|
- Description: ကလေးများတွင် ရှိသည့် အကျင့်ကောင်း၊ အကျင့်ဆိုးများသည် ပျိုးထောင်ယူခဲ့သည့် အရာများပင်ဖြစ်သည်။ ထိုအမူအကျင့်များကို ပျိုးထောင်၍ ရနိုင်သလို ရှိနေသည့် အကျင့်များကိုလည်း ပြုပြင်၍ ရနိုင်သည်။ ကလေးအကြောင်း နားလည်ခဲ့ပါက သူတို့၏ အမူအကျင့်ပြောင်းလဲသွားအောင် (သို့မဟုတ်) ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုသည်ကို သိနိုင်ကြမည်ဖြစ်သည်။ ထိုသို့ ကလေးတို့၏ အကျင့်များကို ပြုပြင်အောင်လုပ်ဆောင်ရာတွင် အသုံးပြုနိုင်သည့် နည်းလမ်းတစ်လမ်းဖြစ်သည့် Time-outနည်းအကြောင်းကို ယခုစာအုပ်တွင် အကျယ်တဝင့် ရေးသားရှင်းလင်းထားသည်။ အားကစားပွဲများတွင် ခေတ္တရပ်ဆိုင်းသည်ကို Time-outဟုခေါ်သလို သားသမီးများကို ထိန်းကျောင်းရာတွင် ယာယီအာရုံစိုက်မှု ရပ်ဆိုင်ခြင်း၊ ဆုလာဘ်ဖြတ်တောက်ခြင်း၊ အားပေးမှုကို ကင်းဝေးစေခြင်းကိုလည်း Time-outဟုခေါ်သည်။ ထိုနည်လမ်း၏ အကျိုးများမှာ အကျင့်ဆိုးကို အလျင်အမြန် အားပျော့သွားစေခြင်း၊ စံလွဲအပြုအမူများကို ရပ်ဆိုင်းသွားစေခြင်း၊ မိဘများ အသုံးပြုရန် လွယ်ကူခြင်း၊ ထိုနည်းသုံးပါက မိဘများ စိတ်ပျက် ဒေါသထွက်ရတာ လျော့နည်းလာခြင်း၊ Time-outပြီးချိန်တွင် သားသမီးနှင့် မိဘဆက်ဆံရေးသည် ချက်ချင်းဆိုသလို ပုံမှန်ဖြစ်သွားခြင်းတို့ဖြစ်ကြသည်။ ထို Time-outနည်းလမ်းအကြောင်းနှင့် ကလေးပြဿနာများတွင် လက်တွေ့အသုံးချနိုင်ပုံများကို ဇာတ်လမ်းများနှင့်တကွ ဤစာအုပ်တွင် အသေးစိတ်ရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|