|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ရှင်ဉာဏဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ - အဓမ္မ အငြင်းပွားမှုခင်း ဆုံးဖြတ်ချက်
-
-
Author(s):
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 429
- Binding: Paperback
- Publication Month Year: 2011
- Size: 21 cm x 29 cm
|
- Description: ရှင်ဉာဏဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ပြည်ထောင်စု သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြားဝိနည်းဓိုဂ်အဖွဲ့အမှတ် (၁၇ / ၂ဝဝ၁)၏ ဓမ္မ - အဓမ္မ အငြင်းပွားမှုခင်း ဆုံးဖြတ်ချက် စာအုပ်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီးကုန်းရွာ၊ အနုပါဒယဉ်ကျေးမှု မိုးပြာခြံ၌ သီတင်းသုံးနေထိုင်သော ရှင်ဉာဏဦးဆောင်သည့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံ မိုးပြာဂိုဏ်းသားတို့သည် ထေရဝါဒဗုဒ္ဓသာသနာတော်အား အခြေခံမှ၍ စော်ကားပုတ်ခတ်သည့် စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းများဖွင့်လှစ်၍ ပို့ချခြင်း၊ အင်တာနက်သို့တင်၍ ကမ္ဘာအရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းများ ပြုလုပ်နေသဖြင့် ယင်းအဖွဲ့၏ ဆောင်ရွက်ချက်များကို ဓမ္မ၊ အဓမ္မ စိစစ်ပြီး အဆုံးအဖြတ်ပေးပါရန် မစိုးရိမ်စာသင်သား ပါဝင်သည့် စောဒနာအဖွဲ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ စောဒနာလွှာ တင်သွင်းခဲ့ကြသည်။ မိုးပြာဂိုဏ်းသားတို့သည် ဝိပဿနာဘူမိအရာကို ပြဆိုသော “သဗ္ဗေ ဓမ္မာ အနတ္တာ”ဟူသော ပါဌ်၌ ဓမ္မအရ နိဗ္ဗာန်မပါဝင်သည်ကို လက်ကိုင်ပြု၍ နိဗ္ဗာန်သည် အနတ္တမဟုတ်၊ အတ္တဟုယူသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် တိတ္ထိများ ကြံဆသော အတ္တကို အခိုင်အမာ ယူထားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ ထိုမိုးပြာဂိုဏ်သားတို့၏ ဟောပြောရေးသားချက်များအပေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တစ်ချက်ချင်း အသေးစိတ် စိစစ်၍ ဘယ်အချက် ဘာကြောင့်မှားသည်ကို အကြောင်းပြချက် ကျမ်းကိုးကျမ်းကားနှင့်တကွ ယခုစာအုပ်တွင် ဆုံးဖြတ်ချက်ချမှတ်ပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|