|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဝါရင့်ကဗျာဆရာကြီး မင်းယုဝေက မိမိထက် ကဗျာသက် နှစ် ၂ဝ ခန့် ကြီးရင့်သော သူလေးစားကြည်ညိုသည့် ဝါရင့်ကဗျာဆရာကြီး ဆရာဇော်ဂျီ၏ ကဗျာများကို အမြတ်တနိုးသုံးသပ်ထားခြင်းဖြစ်သည်။ ဆရာမင်းယုဝေသည် ဤဆောင်းပါးများကို ဆရာဇော်ဂျီ ကွယ်လွန်ပြီး ၃ လခန့်အကြာတွင် ရေးသားထားခြင်းဖြစ်သည်။ ဆရာဇော်ဂျီ ကိုလိုနီခေတ်က ရေးသားခဲ့သော “ခေတ်စမ်း”စာရင်းဝင် ကဗျာများအကြောင်းဖြင့် အစချီကာ လွတ်လပ်ရေးရပြီးနောက် ရေးဖွဲ့ထားသော ဗေဒါလမ်းကဗျာများ၊ ညီသစ်ဆင်းကဗျာများကို ဆက်လက်ဖော်ညွှန်းကာ နောက်ဆုံးအပိုင်းတွင် ဆရာ အသက် ၈ဝ ဝန်းကျင်က ရေးဖွဲ့ထားခဲ့သော ရှေးခေတ်ပုဂံကဗျာများအကြောင်းကို အသေးစိတ် ပုံဖော် မိတ်ဖွဲ့ပြထားသည်။ အထူးသဖြင့် ရှေးခေတ် ပုဂံကဗျာများအကြောင်း မိတ်ဖွဲ့ထားရာ၌ ကဗျာတစ်ပုဒ်ချင်းနှင့် နှီးနွယ်ခဲ့ရာ သမိုင်းနောက်ခံ အကြောင်းအရာများကို လမ်းခင်းဖော်ပြပြီး ထိုနောက်ခံများနှင့် ဆက်စပ်ကာ ကဗျာတစ်ပုဒ်ချင်းတွင် ထင်ဟပ်နေသော ကဗျာစာဆို၏ အတွေးနှင့် အရေးအဖွဲ့ကို မှတ်သားဖွယ်ဖြစ်အောင် မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|