|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာသက္ကရာဇ် ၄၈ဝ (AD - 1118)တွင် တည်ခဲ့သည့် ပုခန်းကြီးမြို့သည် ယခုအခါ နှစ်ပေါင်း ၇ဝဝ ကျော်ခဲ့ပြီဖြစ်သည်။ ယခုစာအုပ်သည် ပုခန်း နှစ် ၇ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်ဝေထားသော စာအုပ်ဖြစ်သည်။ ပုခန်းဒေသ သမိုင်းဦးအစ၊ ပုခန်းကြီးမြို့ မြို့တည်မင်းများ၊ ပုခန်းကြီးမြို့၏ မြို့စားများ၊ ကျောင်းတော်ကြီးသမိုင်း၊ ပုခန်းကြီးဒေသအတွင်းရှိ အလောင်းစည်သူ၏ ဇာတိကျောက်စာတော်၊ ပုခန်းနယ်မှ ပေါ်ထွန်းခဲ့သော အာဇာနည်ဗိုလ်ကွယ်၊ အသျှင်စန္ဒမဉ္စူသာရ၊ ကလျာဏီကျောက်စာကပြောသော အနော်ရတနာနှင့် အနူဟာတို့၏ နိုင်ငံတော်ကာကွယ်ရေး ပုရသ၊ မဟာမေရု မကုဋဃဏ္ဍရာဇာ ခေါင်းလောင်းတော်ကြီး ကမ္မစည်းစာ၊ ပုခန်းကြီးမှသည် ပခုက္ကူသို့ ဒေသသမိုင်း ဖြစ်ပေါ်တိုးတက်လာပုံ၊ ပုခန်းမြို့စား မင်းရဲကျော်ခေါင် လှူဒါန်းသော ခေါင်းလောင်းမှ ခေါင်းလောင်းစာ၊ ပုခန်းကြီးဒေသ ဂူဘုရား နံရံများများမှ ဆေးရေးပန်းချီများအကြောင်း အစရှိသည့် ပုခန်းဒေသအကြောင်း သိကောင်းစရာများကို ဓာတ်ပုံများ၊ အချက်အလက်များနှင့်တကွ အသေးစိတ် ရေးသားဖော်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|