|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ၉၁ - ဌာန အုပ်ချုပ်ရေး (အတွဲ ၁)
-
-
Author(s):
အားမာန်ထွန်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 347
- Binding: Paperback
- Publication Month Year: 0ct-2011
- Size: 17 cm x 23 cm
|
- Description: အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်ခဲ့သည့် ကာလကို ခေတ်ကာလ ၄ ရပ်ခွဲခြားနိုင်ရာ ၎င်းတို့မှာ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်သော ခေတ်၊ ဒုတိယဘုရင်ခံ အုပ်ချုပ်သော ခေတ်ကာလ၊ ဒိုင်အာကီခေတ်နှင့် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်တို့ ဖြစ်ကြသည်။ အင်္ဂလိပ်ကိုလိုနီခေတ်၏ အဆုံးနိဂုံးပိုင်းဖြစ်သည့် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်တွင်ပင် ဒေါက်တာဘမော် အစိုးရအဖွဲ့ကာလ၊ ဦးပုအစိုးရအဖွဲ့ကာလ၊ ဦးစော အစိုးရအဖွဲ့ကာလဆို၍ အပိုင်း ၃ ပိုင်း ထပ်ခွဲနိုင်ရာ ဤပထမတွဲတွင် ဒေါက်တာဘမော် အစိုးရခေတ်ကာလ အုပ်ချုပ်ရေးအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။ ထိုကာလအတွင်း ရွေးချယ်ခံရသည့် အမတ်များအကြောင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအကြောင်း၊ လွှတ်တော်အကြောင်း၊ အစိုးရဝန်ကြီးအဖွဲ့အကြောင်း၊ ထုတ်ပြန်ခဲ့သည့် ဥပဒေများ၊ ထိုကာလအတွင်း ပေါ်ပေါက်ခဲ့သည့် ရေနံမြေ သပိတ်အကြောင်း၊ အစိုးရက အကြမ်းဖက် နှိပ်နင်းခဲ့ပုံ၊ အဓိကရုဏ်များ ဖြစ်ပွားပြီး အခြားဒေသသို့ပါ ပျံ့နှံ့သွားပုံ၊ တက္ကသိုလ် တတိယသပိတ် ပေါ်ပေါက်လာပုံနှင့် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ပုံ၊ မန္တလေးအဓိကရုဏ်နှင့် အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ပုံ၊ ၎င်းနောက် လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပုံနှင့် ဒေါက်တာဘမော်အစိုးရ ပြုတ်သွားပုံများကို အသေးစိတ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ စာအုပ်ပါ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ အမှာစာကို ဖော်ပြလိုက်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|