|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အလံမလှဲစတမ်း
-
-
Author(s):
လူထုစိန်ဝင်း
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 207
- Binding: Paperback
- Publication Month Year: Mar-2012
- Size: 13 cm x 21 cm
|
- Description: Chang Lin နှင့် Shu Yangတို့၏ Better To Stand and Dieကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ၁၉၂ဝ ပတ်ဝန်းကျင်အချိန်က တရုတ်ပြည်မှ တရုတ်ပြည်သူတို့၏ အသည်းစွဲ ချစ်ခင်လေးစားခြင်း ခံခဲ့ရသော ချောအိမာန်ဆိုသူ ကွန်မြူနစ်ပါတီ၏ စံပြပါတီဝင် သစ္စာရှိအမျိုးသမီးတစ်ယောက်အကြောင်းကို ပြောင်မြောက်စွာ ရေးဖွဲ့ထားသော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ သူမသည် အလယ်တန်းကျောင်းသားဘဝကပင် အရှင်းရှင်စနစ်နှင့် ပဒေသရာဇ်စနစ်တို့ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် တက်ကြွသော ခေါင်းဆောင်ဖြစ်ခဲ့ပြီး တရုတ်တော်လှန်ရေးကြီး၏ ပထမဆုံး အမျိုးသမီးတပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့သူတစ်ဦးလည်းဖြစ်သည်။ တရုတ်ပြည်ကို ဂျပန်များ သိမ်းပိုက်ချိန်၌လည်း ဂျပန်ဆန့်ကျင်ရေး မဟာမိတ်တပ်ပေါင်းစုတွင် နိုင်ငံရေးတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်ရင်း ဂျပန်တို့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုတွင် ဒဏ်ရာရရှိခဲ့ပြီး ဂျပန်တို့၏ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသည်။ ထို့နောက် ဂျပန်ဖက်ဆစ်တို့၏ ရက်စက်ယုတ်မာသော ညှင်းပန်းနှိပ်စက်မှုကြားတွင် “လှေခွက်ချည်းကျန် အလံမလှဲစတမ်း”ဟူသော ဆောင်ပုဒ်အတိုင်း လက်မြှောက်အရှုံးမပေးဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်ရင်း အာဇာနည်ပီပီ အသက်ပေး အသေခံသွားခဲ့သည်။ ဆရာလူထုစိန်ဝင်း၏ ဤဘာသာပြန်လက်ရာသည် ၈၈ အရေးအခင်းနောက်ပိုင်းတွင် ထုတ်ဝေခွင့် အပိတ်ခံခဲ့ရပြီး ယခုအခါမှ ပြန်လည်ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|