|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သဘာဝနှင့် ရိုးရာဟန်နှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ပေါင်းစပ်နိုင်ပြီးလျှင် နံရံပန်းချီ၊ သရုပ်ဖော်ပန်းချီ စသည်တို့တွင် ပြလိုရင်းကို ပရိသတ် ဘဝင်ကျသည်ထက် ပိုမို၍ ပီပြင်တိကျလာအောင် မြင်တတ်၊ တွေးတတ်သူ၊ ထိုသို့ မြင်တတ် တွေးတတ်သလောက်ကိုလည်း အချက်ပိုင်ပိုင် ရေးဆွဲနိုင်စွမ်းရှိသူ၊ မြန်မာ့ပန်းချီသမိုင်းတွင် စာတစ်စောင် ပေတစ်ဖွဲ့ မှတ်တမ်းတင်ထိုက်သူ၊ စိတ်ကူးကောင်းသူ ပန်းချီဆရာတစ်ဦးဖြစ်သလို တီထွင်ဉာဏ်လမ်း ရင့်သန်သူ၊ ခေတ်မီသော အတွေးအခေါ်နှင့် ဒီဇိုင်းဆန်းသစ်မှုကို ကျွမ်းကျင်နိုင်နင်းသူ၊ ဗုဒ္ဓဝင် ရုပ်ပြစာအုပ်များတွင် လက်ရာအမြောက်ဆုံးဟု အသိအမှတ်ပြုခြင်းခံရသည့် ရုပ်စုံဗုဒ္ဓသာသနာဝင်စာအုပ်ပါ ဗုဒ္ဓဝင်ပန်းချီများကို မြန်မာ့ရိုးရာပန်းချီ၏ အသက်ဖြစ်သော ကောက်ကြောင်းများနှင့် မော်ဒန်ခေတ်သစ် စိတ်ကူးဟန်များကို ပေါင်းစပ်၍ လက်စွမ်းပြရေးဆွဲခဲ့သူ ပန်းချီဦးဘကြည် F.R.S.A (London)၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသော စာအုပ်ဖြစ်သည်။ စာအုပ်တွင် ဆရာကြီးအကြောင်းကို သူ၏ တပည့်များက ဆောင်းပါး တစ်ပုဒ်စီဖြင့် ဂုဏ်ပြုရေးသားထားကြသည်။ ဆောင်းပါးများနှင့်အတူ ဆရာကြီး၏ ပန်းချီလက်ရာများကိုပါ ရောင်စုံဓာတ်ပုံများအနေဖြင့် မှတ်တမ်းတင် ထည့်သွင်းဖော်ပြပေးထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၂ ခုနှစ်အတွက် ထွန်းဖောင်ဒေးရှင်းစာပေဆု (စာပဒေသာဘာသာရပ်)ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|