|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဆရာကျေးဇူး အထူးသိတတ်သူ ဦးကေသရ၊ မော်လမြိုင်ရှိ ကျော်အော့ဖ်ဆက် လုပ်ငန်းပိုင်ရှင် ဦးမောင်ငယ်၊ မော်လမြိုင်ရှိ “ကျော်ကြား”ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ ဦးတင်လှိုင်၊ ဒေသ၏ ပညာရေး၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းများအတွက် သိန်း ၈ ထောင်လှူပြီးဖြစ်သည့် ငရုတ်သီးမှုန့်လုပ်ငန်းပိုင်ရှင် မော်လမြိုင်မှ ဦးလှထွန်း၊ မန္တလေးမှ မြန်မာထမင်းဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းဝေ၊ သီလရှင်ငယ် အပါးတစ်ရာကို အုပ်ချုပ်လျက်ရှိသည့် မန္တလေး ဇိနောဒယသီလရှင်စာသင်တိုက်မှ ဒေါ်နိမလဉာဏီ၊ အေးငြိမ်းသီတာဆေးဝါး ထုတ်လုပ်ရေးမှ ဦးတင်မောင်ကြည်၊ ဘတ်စကတ်ဘောကစားနည်း၏ စည်းကမ်းများကို စီးပွားရေးနယ်ပယ်တွင် အသုံးချအောင်မြင်ခဲ့သူ မုံရွာရှိ အဓိပတိစာအုပ်ဆိုင်မှ လက်ရွေးစင် အားကစားသမားဟောင်း ဦးတင်ဝင်းမြင့်၊ မုံရွာ စောင်စက်ရုံများ ပိုင်ရှင်အသင်းဥက္ကဋ္ဌ ဦးကြည်မောင်၊ အေးချမ်းခြင်း, တိတ်ဆိတ်ငြိမ်သက်ခြင်းရသများကို ခံစားရမည့် ပန်းချီကားများ ဖန်တီးရှင် မုံရွာမြို့မှ ပန်းချီဆရာဦးအောင်မောင်း၊ မန္တလေးမြို့လယ်ရှိ Diamond House မင်္ဂလာဧည့်ခန်းမ ပိုင်ရှင် ဦးမျိုးတင့်၊ ကင်ဆာရောဂါ စွဲကပ်ခံနေရသူ တိုင်းရင်းဆေးသိပ္ပံ ကျောင်းအုပ်ကြီး ဆရာကြီး ဦးဉာဏ်ထွန်း၊ ရွှေမိုး ငွေမိုး သီချင်းဖြင့် လူသိများလာသူ အဆိုတော် ဒေါ်ရီရီခင်၊ ၈၃ ကြိမ်မြောက် သွေးလှူရှင် မန္တလေးမှ ဦးရဲမြင့်၊ ကန့်ဘလူနယ်မှာ မွေး၍ အမေရိကန်မှ ပါရဂူဘွဲ့ ရယူခဲ့သူ တိပိဋကအောင် ဒေါက်တာဉာဏဝရ၊ အိမ်ပိုင် ရာပိုင်မနေဘဲ သမ္မတဟိုတယ်တွင် နေထိုင်လျက်ရှိသူ ဗိုလ်သခင်ဆရာ၊ တောင်ငူမြို့ရှိ အမေ့အိမ်ဟိုတယ်ပိုင်ရှင် ဦးမြင့်ညို၊ အလုပ်ကို ကြိုက်သူ မန္တလေးမှ အော့ဖ်ဆက်လုပ်ငန်းပိုင်ရှိင် ကိုဝင်းအောင်၊ “အောင်သူ”အမည်ဖြင့် လက်ဘက်ရည်ဆိုင် ငါးဆိုင်အထိ ဖွင့်လှစ်ထားသူ မန္တလေးမှ ဦးသောင်းထွန်း၊ ဘဝမှာ တွေ့ကြုံနေရသည့် သောက၊ ဒုက္ခတွေကို ဟာသလုပ် ရယ်မောပစ်လေ့ရှိသည့် တွယ်တာတုံ (လူရွှင်တော် ဦးရွှေတောင်၏ သမီး)အပါအဝင် မြန်မာပြည်အနှံ့ အလွှာအသီးသီးမှ ပုဂ္ဂိုလ်အသီးသီး၏ ဘဝအထွေထွေကို သူတို့ဖြတ်သန်းခဲ့ရသည့် ဘဝခရီးနှင့် သူတို့ တွေ့ဆုံ ကြုံတွေ့ ကျော်လွှားခဲ့ရသည့် ဘဝအခက်အခဲများနှင့်အတူ ဗဟုသုတဖြစ်ဖွယ် အတုယူဖွယ် သင်ခန်းစာယူဖွယ် ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|