|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပြောချင်လို့ ပြောခဲ့တာတွေ (အင်တာဗျူးများ) (အတွဲ ၁)
-
-
Author(s):
ကိုကိုကြီး
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 120
- Binding: Paperback
- Publication Month Year: 2012
- Size: 13 cm x 20 cm
|
- Description: ၈၈ အရေးအခင်းကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌတာဝန်ကိုယူ၍ လှုပ်ရှားခဲ့သူ၊ အရေးအခင်းပြီးနောက် ၁၉၉၂ ခုနှစ်၌ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခြင်းခံရပြီး၊ ၁၉၉၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသူ၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင် ပြန်လည်ထိန်းသိမ်းခြင်းခံရပြီး ထောင်ဒဏ် ၆၅ နှစ် ၆ လ ချမှတ်ခံရသူ၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အဖြစ် မင်းကိုနိုင်တို့နှင့်အတူ လှုပ်ရှားနေလျက်ရှိသူ ကိုကိုကြီး၏ အင်တာဗျူးဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။ အင်တာဗျူးဆောင်းပါးများမှာ Monitor ဂျာနယ်၊ ဒီလှိုင်းဂျာနယ်၊ 7 Day News၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်၊ ပေါ်ပြူလာနယူးစ်၊ The Messenger ၊ အိပ်စ်ပရက်စ်တိုင်း၊ ကုမုဒြာ၊ Hot News ဂျာနယ်တို့တွင် ဖော်ပြပြီးခံရပြီး ဆောင်းပါးများဖြစ်ကြသည်။ ထောင်အကြိမ်ကြိမ် ကျခံရစဉ်အတွင်း ဖြတ်သန်းခဲ့ရသည့် ထောင်တွင်း အတွေ့အကြုံများ၊ လက်ရှိ အစိုးရအဖွဲ့အပေါ် သဘောထား၊ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် NLD အပေါ်အမြင် ၊ ကြားဖြတ်ရွေးကောက်ပွဲအလွန် NLD အပေါ် သုံးသပ်ချက်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနေဖြင့် ရှေ့နိုင်ငံရေးခရီးမည်သို့ မည်ပုံ ဆက်သွားကြမည်၊ ကချင်စစ်ပွဲပြဿနာအပါအဝင် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ၈၈ မျိုးဆက်များ၏ သဘောထားများကို သူ၏ ပုဂ္ဂိုလ်ရေးအမြင်၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အမြင်များနှင့်အတူ ဖတ်ရှုသိရှိကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|