|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြတ်ဗုဒ္ဓ၏ ဝိပါက်တော်တစ်ဆယ့်နှစ်ပါး (ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ)
-
-
Author(s):
မျိုးမြန်မာ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 116
- Binding: Paperback
- Publication Month Year: 2012
- Size: 12 cm x 17 cm
|
- Description: လက်ရှိ ပစ္စုပ္ပန်အချိန်ကာလတွင် မိမိတို့ တွေ့ကြုံခံစားနေရသည့် “ကောင်းခြင်း”၊ “မကောင်းခြင်း”များမှာ အတိတ် အချိန်ကာလက မိမိတို့ ပြုခဲ့ဖူးသော “ကောင်းမှု” “မကောင်းမှု”တို့၏ အကျိုးဆက်များသာဖြစ်ပုံ၊ “ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ” ဆိုသည်မှာ ဘာကိုဆိုလိုသည်၊ ဝဋ်ကြွေးပေးဆပ်ကြရတွင် “ပြုသူ အသစ်၊ ဖြစ်သူအဟောင်း” ဆိုသည့်သဘောကို နှလုံးသွင်းမှန်ကန်စွာ လက်ခံသင့်ပုံ၊ မြတ်စွာဘုရားသော်မှ ဝဋ်ကြွေးရှိက ပြေးမလွတ်ဘဲ ကျေအောင်ဆပ်ရပုံကို သိရှိနားလည်စေရန် မြတ်ဗုဒ္ဓ၏ ဝိပါက်တော်တစ်ဆယ့်နှစ်ပါးအကြောင်းကို ဤစာအုပ်တွင် သတိသံဝေဂရဖွယ် ရေးသားတင်ပြထားသည်။ မြတ်စွာဘုရား ပေးဆပ်ခဲ့ရသည့် ပထမ ဝိပါတ်တော် (ဒုက္ကရစရိယ ခြောက်နှစ် ကျင့်တော်မူရခြင်း)၊ ဒုတိယ ဝိပါတ်တော် (စိဉ္စမာဏ၏ အစွပ်စွဲကို ခံတော်မူရခြင်း)၊ တတိယ ဝိပါတ်တော် (သုန္နရီပရဗိုဇ်မ၏ အစွပ်စွဲကို ခံတော်မူရခြင်း)၊ စတုတ္ထ ဝိပါတ်တော် (သုန္နရီပရဗိုဇ်မ အသတ်ခံရသောကြောင့်)၊ ပဉ္စမ ဝိပါတ်တော် (ဒေဝဒတ်၏ သေကြောင်းကြံစည်မှုကို ခံရတော်မူခြင်း)၊ ဆဋ္ဌမ ဝိပါတ်တော် (ကျောက်ချပ်ထိ၍ ခြေမတော်၌ သွေးစိမ်းတည်တော်မူခြင်း)၊ သတ္တမ ဝိပါတ်တော် (သွေးစိမ်းတည်သော ခြေမတော်ကို ဆရာဇီဝက ဓားဖြင့်ခွဲခြင်း)၊ အဋ္ဌမ ဝိပါတ်တော် (နာဠာဂီရိဆင်ဖြင့် တိုက်သည်ကို ခံရတော်မူခြင်း)၊ နဝမ ဝိပါတ်တော် (ရံဖန်ရံခါ ခေါင်းခဲတော်မူခြင်း)၊ ဒဿမ ဝိပါတ်တော် (မုယောဆွမ်းသာ ဘုဉ်းပေးတော်မူရခြင်း)၊ ဧကာဒဿမ ဝိပါတ်တော် (ကျောက်ကုန်းတော် နာတော်မူရခြင်း)၊ ဒွါဒဿမ ဝိပါတ်တော် (ဝမ်းတော် လားတော်မူရခြင်း)အကြောင်းတို့ကို ဗုဒ္ဓ၏ အတိတ်ဘဝဇာတ်ကြောင်းနှင့်အတူ ယှဉ်တွဲကာ ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|