|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စာရေးသူသည် “မနောသုတေသီ” ဟူသော ကလောင်အမည်ခွဲဖြင့် သူရဇ္ဇမဂ္ဂဇင်း၌ “ဂမ္ဘီရစာဟေဝန်” ခေါင်းစီးဖြင့် ဆောင်းပါးများကို ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ လစဉ်ရေးသားခဲ့ရာ ယခုစာအုပ်မှာ ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာအပါအဝင် ဘာသာစကားမျိုးစုံဖြင့် ပေါ်ထွက်ခဲ့သော ဂန္ဓာရီစာပေသည် လောကီပညာကျမ်းလည်းမဟုတ်၊ မှော်ပညာကျမ်းလည်းမဟုတ်၊ ဝိဇ္ဇာကျမ်းလည်း မဟုတ်ဘဲ သီးသန့်ပညာလိုင်းတစ်ခုအနေဖြင့် တည်ရှိနေပုံကို ဤစာအုပ်တွင် “အီဂျစ်မရဏ”ကျမ်း၊ “Hymns of Atharva - Veda”ကျမ်း၊ အယ်လီဖာလီဗီ ရေးသားသည့် “Transcendental Magic”ကျမ်း၊ ဒဗလျူအီးဘတ္တလာ ရေးသားသည့် “Magic and The Qabalah” ကျမ်း၊ တရုတ်ဘာသာဖြင့် ရေးသားထားသည့် “Tai i Chin Hua Tsung Chin”ကျမ်း၊ စာရေးဆရာ Sephetial ရေးသားသည့် “Manual of Occultism”ကျမ်း၊ ဆချက္ကရနိရူပ ခေါ် ကုဏ္ဍလိနီကျမ်း၊ လိဘိတ ရေးသားသည့် “The Chakras” ကျမ်း၊ ဂျီလစ္စပေါ(လ်)ဆင် ရေးသားသည့် “Kundalini and Chakras”ကျမ်း၊ ဆွီဒင်မှ ဆွီဒင်ဘော့ဆိုသည့် စာရေးဆရာ ရေးသားသည့် “Heaven and Hell”၊ အစ်ဒရေး(စ်)ရှားရေးသားသည့် “Oriental Magic”ကျမ်းအပါအဝင် ကမ္ဘာ့စာပေအထောက်အထားများစွာဖြင့် သုတေသနပြု တင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|