|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံရေး
-
-
Author(s):
မင်းပုည
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 270
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 13 cm x 19 cm
|
- Description: မြန်မာပြည်တွင် ဦးစွာတည်ထောင်သော နိုင်ငံများအကြောင်း၊ မြန်မာပြည်တွင် ဟိန္ဒူယဉ်ကျေးမှု သြဇာလွှမ်းမိုးခြင်း၊ မြန်မာပြည်သို့ ဗုဒ္ဓဘာသာ ရောက်လာခြင်းအကြောင်း၊ မြန်မာသက္ကရာဇ်အကြောင်း၊ ပုဂံခေတ်(၁ဝ၄၄-၁၂၈၇) ပထမမြန်မာနိုင်ငံတော်အကြောင်း၊ အနော်ရထာမင်း ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ပုံ၊ အနော်ရထာမင်း သထုံပြည်ကို တိုက်ခိုက်အောင်မြင်ခြင်း၏ အကျိုးကျေးဇူးများ၊ ရှင်အရဟံအကြောင်း၊ ကျန်စစ်သားအကြောင်း၊ မြစေတီကျောက်စာ၊ မြန်မာနိုင်ငံပြည်ပသို့ ခရီးထွက်တော်မူသောမင်းများ၊ အလောင်းစည်သူမင်း၏ ဆောင်ရွက်ချက်များ၊ နရပတိစည်သူ၏ ဆောင်ရွက်ချက်များ၊ လွှတ်တော်ဖြစ်ပေါ်လာပုံအကြောင်း၊ ပုဂံပျက်ခြင်းအကြောင်း(၁၂၈၇)၊ ပုဂံခေတ် မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ မြန်မာစာပေအက္ခရာအကြောင်း၊ မြန်မာနိုင်ငံရှိ ရှေးကျောက်စာများအကြောင်း၊ ရှမ်းခေတ်(၁၂၈၇-၁၅၃၁) (က) အင်းဝ (ခ)ပဲခူး (ဂ)တောင်ငူ ရှမ်းခေတ်အကြောင်း အကျဉ်းချုပ်(၁၂၈၇-၁၅၃၁)၊ ရာဇာဓိရာဇ်နှင့် မင်းခေါင်စစ်၊ စစ်အတွင်းထင်ရှားသော အဖြစ်အပျက်များ၊ ဝန်ဇင်းမင်းရာဇာအကြောင်း၊ ရာဇာဓိရာဇ်အကြောင်း၊ ရှင်စောပုအကြောင်း၊ ဓမ္မစေတီမင်းအကြောင်း၊ တောင်ငူ၊ တောင်ငူသည်မြန်မာတို့၏ အချက်အချာ ဖြစ်လာပုံ၊ ရှမ်းခေတ် မြန်မာစာပေအကြောင်း၊ တောင်ငူခေတ်(၁၃၅၁-၁၇၅၂) ဒုတိယမြန်မာနိုင်ငံတော်အကြောင်း၊ တပင်ရွှေထီး ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခြင်းအကြောင်း၊ ဘုရင့်နောင် ဒုတိယမြန်မာနိုင်ငံတော်ကို ဆက်လက်တည်ထောင်ခြင်းအကြောင်း၊ ဘုရင့်နောင်၏ဆောင်ရွက်ချက်များ၊ နန္ဒဘုရင်လက်ထက်တွင် ဘုရင့်နောင်၏လက်နက်နိုင်ငံတော်ကြီး ပျက်စီးရခြင်းအကြောင်း၊ ဒီဘရစ်တိုအကြောင်း၊ သာလွန်မင်းအကြောင်း၊ သာလွန်မင်း၏ စစ်တမ်းများ(၁၆၃၈)၊ သာလွန်မင်း၏ ဆောင်ရွက်ချက်များ၊ မြန်မာပြည်နှင့် နိုင်ငံခြားသားများအကြောင်း၊ ရခိုင်ပြည်အကြောင်း(အကျဉ်း)၊ ကုန်းဘောင်ခေတ်(၁၇၅၂-၁၈၈၅) တတိယမြန်မာနိုင်ငံတော်အကြောင်း၊ အလောင်းဘုရား ထကာနီးအချိန်ကာလတွင် မြန်မာပြည်၏အခြေအနေ၊ အလောင်းဘုရားတတိယမြန်မာနိုင်ငံတော် တည်ထောင်တော်မူခြင်းအကြောင်း၊ ဟိုင်းကြီးကျွန်း သတ်ဖြတ်မှုကြီးအကြောင်း၊ အလောင်းဘုရား၏ကြံစည်ဆောင်ရွက်မှုများ အောင်မြင်စေရန် ဖန်တီးပေးသောအချက်များ၊ အလောင်းဘုရား၏ ကုန်းဘောင်ဆက်မင်းများတွင် အထင်ရှားဆုံး မင်းတစ်ပါးဖြစ်ကြောင်း၊ ဆင်ဖြူရှင်၏စစ်ပွဲများအကြောင်း(၁၇၆၃-၁၇၇၆)၊ ဆင်ဖြူရှင်လက်ထက်တွင် စစ်နိုင်သော အကျိုးကျေးဇူးများ၊ ဘိုးတော်ဘုရား ရခိုင်ပြည်ကို သိမ်းယူတော်မူခြင်း၊ ရခိုင်သားတို့ ထကြွပုန်ကန်ခြင်းအကြောင်း၊ ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလိပ်တို့နှင့် မသင့်မတင့် ဖြစ်ရခြင်းအကြောင်း၊ ဘိုးတော်ဘုရားလက်ထက်တွင် အိန္ဒိယဘုရင်ခံချုပ်ထံမှ စေလွှတ်သောသံများနှင့် စေလွှတ်ရသောကိစ္စများအကြောင်း၊ ဘိုးတော်ဘုရား၏ ဆောင်ရွက်ချက်များ၊ ဘိုးတော်ဘုရားစစ်တမ်းများ(၁၇၈၄နှင့် ၁၈ဝ၃)၊ အင်္ဂလိပ်နှင့်မြန်မာ ပထမစစ်ဖြစ်ရခြင်းအကြောင်း၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း အဖြစ်အပျက်များနှင့် ရန္တပိုစာချုပ်အကြောင်း၊ မှန်နန်းရာဇဝင်အကြောင်း၊ မဟာဗန္ဓုလအကြောင်း၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအကြောင်း(၁၈၅၂)၊ မင်းတုံးမင်း၏အကျင့်စာရိတ္တနှင့် အင်္ဂလိပ်တို့နှင့် ဆက်ဆံပုံအကြောင်း၊ နန်းတော်တွင်း ဖိနပ်ချွတ်ရေးပြဿနာ၊ မင်းတုန်းမင်း၏ ဆောင်ရွက်ချက်များ၊ အင်္ဂလိပ်-မြန်မာ တတိယစစ်မဖြစ်မီကလေးတွင် အထက်မြန်မာနိုင်ငံတော်၏ အခြေအနေ၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ခြင်းအကြောင်း၊ မြန်မာနိုင်ငံတွင် ခန့်ထားသော ဗြိတိသျှ ကိုယ်စားလှယ်များအကြောင်း၊ မြန်မာမင်းတို့လက်ထက် နိုင်ငံအုပ်ချုပ်ပုံ၊ မြန်မာတို့ အခြားလူမျိုးများနှင့် ဆက်ဆံပုံ၊ အင်္ဂလိပ်ခေတ်(၁၈၈၅-၁၉၄၈) အင်္ဂလိပ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံအကြောင်း၊ မြန်မာတို့လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာတို့ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ခြင်း အစရှိသည့် မြန်မာ့သမိုင်းကြောင်းမှ အရေးကြီး နိုင်ငံရေးဖြစ်စဉ်များကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားသော စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|