|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပရိတ်ကြီးနိဿယ (အဓိပ္ပာယ်ရှင်းလင်းချက်ပါရှိသည်)
-
-
Author(s):
စလင်းဆရာတော်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 335
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 13 cm x 19 cm
|
- Description: ပရိတ်ကြီးကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဘေးဥပဒ်အန္တရာယ်ကို ကာကွယ်တားဆီး စောင့်ရှောက်တတ်သည်ဟု ဆိုသော်လည်း ပရိတ်ရွတ်အင်္ဂါ ၃ ချက်နှင့် ညီညွတ်မှသာ ပရိတ်တော် တန်ခိုးတက်မြက်၍ လိုသော အကျိုး သက်ရောက်စေနိုင်မည်ဖြစ်သည်။ ၎င်းအင်္ဂါ ၃ ချက်မှာ ပုဒ်ပါဌ်အက္ခရာ မှန်ကန်စွာ ရွတ်ဖတ်ရခြင်း၊ မေတ္တာကရုဏာစိတ်နှင့် ယှဉ်ရခြင်းနှင့် အနက်အဓိပ္ပာယ် သိရှိနားလည်ခြင်းတို့ဖြစ်ကြသည်။ တတိယမြောက်အင်္ဂါဖြစ်သည့် အနက်အဓိပ္ပာယ် သိရှိနားလည်ခြင်းကို ပြည့်စုံနိုင်ရန်အတွက် ဤစာအုပ်မှ တာဝန်ယူမည် ဖြစ်သည်။ ပရိတ်ကြီး ၁၁ သုတ်ကို အနက်ပေးထားသည့် ဤစာအုပ်သည် အဋ္ဌကထာနည်း, ဋီကာနည်းကို မလွတ်စေခြင်း၊ သဒ္ဒါနည်း, ဆန်းနည်း မပျက်စေခြင်း၊ သို့လော သို့လောဟု ဒွိဟသံသယ မဖြစ်စေခြင်း၊ အဓိပ္ပာယ်သရုပ်တရားကိုယ်ကို ပေါ်စေခြင်း၊ ခဲရာခဲဆစ်များကို ရှင်းလင်းပြသထားခြင်း၊ အကြောင်းအရာ အထုပ္ပတ္တိဝတ္ထုကို သွင်းပြခြင်း၊ ပုဒ်ဖြတ်ပုဒ်စပ်နှင့် သဒ္ဒါရုပ်ပြီးပုံကို ပြခြင်း၊ ၉၆ ပါးသော ရောဂါ, ၃၂ ပါးသော ကံကြမ္မာ, ၂၅ ပါးသော ဘေးစသည်ဖြင့် သူ့ပရိတ်နှင့်သူ ဆိုင်ရာ ဆိုင်ရာ မှတ်သားဖွယ်အဖြာဖြာတို့ကို ထည့်သွင်းပြဆိုခြင်းတို့ဖြင့် အချက်အလက် ပြည့်ပြည့်စုံစုံနှင့် နိဿယဖွင့်ဆို ရေးသားထားသော ကျမ်းစာအုပ်ကောင်း တစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|