|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဆရာဝန်မှတ်တမ်း (မဟေသီမဂ္ဂဇင်းဆောင်းပါးများအား ပထမအကြိမ် စုစည်းခြင်း)
-
-
Author(s):
မင်နီရှဲလ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 178
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 13 cm x 21 cm
|
- Description: မဟေသီမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံခဲ့ရသည့် စာရေးသူ၏ ဆောင်းပါး ၂၄ ပုဒ်ကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြု နေထိုင်လျက်ရှိသူ စာရေးသူက သူ၏ ပညာသင်ကြားမှု အတွေ့အကြုံများ၊ ဆေးကုသမှု အတွေ့အကြုံများ၊ သူတွေ့ကြုံခဲ့ရသည့် လူနာများအကြောင်း၊ ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်အကြောင်းတို့ကို ဆောင်းပါးများတွင် စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသည်။ “ ... ဆရာဝန်ဆိုတာ ဒေါသကို ထိန်းချုပ် စောင့်စည်းနိုင်သူ၊ ဘယ်လောက် သေရေးရှင်ရေးဖြစ်နေပါစေ တည်ငြိမ်အေးချမ်းစွာ အလုပ်လုပ်နိုင်သူ၊ တပည့်လက်အောက်ငယ်သားတွေကို တွဲခေါ်နိုင်သူ၊ စာနာ သနားတတ်သူ ဖြစ်ရပါမယ်။ လူနာတွေကို ဟောက်တယ်ဆိုတာ ကိုယ့်မှာ ကွန်ထရိုးလ်မရှိဘူး၊ ဒေါသကို မထိန်းနိုင်တဲ့ ပျော့ညံ့သူဖြစ်တယ်၊ အောက်တန်းကျတယ်ဆိုတာ ပြနေတာပါပဲ။ ... ” ဟု မျက်မှောက်ခေတ် ဆရာဝန်များအပေါ် မှတ်ချက်ပြုထားသလို “ ... သင်ထားတဲ့ ပညာတွေကိုမှ မျက်နှာမထောက်၊ အားမနာ၊ လူတွေအပေါ် အကြင်နာတရားမရှိဘဲ ဟောက်တတ်သော ဆရာဝန်တွေ ဖတ်မိလို့ အချိုးပြောင်းမည်ဆိုလျှင်လည်း ရေးရကျိုးနပ်ပါသည်။ ... ” ဟု ဆောင်းပါးများ ရေးရခြင်း၏ ရည်ရွယ်ချက်ကို ဖော်ညွန်းထားသည်။ မျက်မှောက်ခေတ် မြန်မာဆရာဝန်များ ဂရုပြုဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|