|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ရိုးသားတည်ကြည်မှုနှင့် ပွင့်လင်းမှုတို့ကြောင့် ဖဆပလအဖွဲ့ချုပ်တွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ရသလို ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်ခြင်းကို ခံခဲ့ရသည့် ကရင်အမျိုးသားခေါင်းဆောင် မန်းဘခိုင်၏ ပုဂ္ဂိုလ်ရေးဘဝ၊ နိုင်ငံရေးဘဝအတွေ့အကြုံများကို စာမျက်နှာပေါင်း ၆ဝဝ ခန့်နီးပါးဖြင့် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ပြုစုထားခြင်းဖြစ်သည်။ ပြောစရာရှိရင် ဘွင်းဘွင်းပြောတတ်သည့်သူဖြစ်ခြင်းကြောင့် ဗိုလ်ချုပ်၏ ကြည်ညိုစေတနာထား အားကိုးခြင်းကို ခံရကာ လွတ်လပ်ရေးရပြီးက ဖဆပလအဖွဲ့သာ အစိုးရဖွဲ့နိုင်ပါက မန်းဘခိုင်ကို ဒုဝန်ကြီးချုပ် ခန့်မည်ဟု ဗိုလ်ချုပ်ကိုယ်တိုင် အစည်းအဝေးများတွင် ထုတ်ပြောခြင်း ခံရသူ၊ ကရင်အမျိုးသားများတွင် ဗိုလ်ချုပ်, ဦးနုအပါအဝင် နိုင်ငံရေးသမားများ၏ အယုံကြည်ဆုံး အားအကိုးရဆုံး ကရင်ခေါင်းဆောင်၊ ကရင်ဗမာ နောင်ရေးကို အမြင်ကျယ်ကျယ်ထားပြီး ကောင်းမည် မှန်မည်ထင်တာကို မည်သူ့ကိုမျှ အားနာခြင်း, ကြောက်လန့်ခြင်း, ကိုယ်ကျိုးငဲ့ခြင်းမရှိဘဲ တည့်တည့်မတ်မတ် ဆောင်ရွက်လေ့ရှိသူ အာဇာနည် မန်းဘခိုင်၏ ဘဝနှင့် သမိုင်းဝင်လုပ်ဆောင်ချက်များကို ဖဆပလအဖွဲ့ချုပ်၏ လှုပ်ရှားမှုများနှင့်အတူ ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|