|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပြုသမျှ နုရရှာသည့် ဇာတ်ဆရာကြီး ဦးဘိုးစိန်
-
-
Author(s):
နေဝင်းစံ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 314
- Binding: Paperback
- Publication Month Year: Mar-2013
- Size: 19 cm x 25 cm
|
- Description: မြန်မာ့ဇာတ်သဘင်လောကအကြောင်းပြောလျှင် မပါမပြီးသူ ဇာတ်သဘင်လောက၏ ဘိုးအေကြီး၊ အနုပညာအရ ကြီးကျယ်ခမ်းနားသော ဘွဲ့တံဆိပ်များပိုင်ရှင်၊ သဘင့်ဦးလျှောင်၊ နိုင်ငံရပ်ခြားသို့တိုင်၊ အောင်မြင်ကျော်ကြားသော မြန်မာ့ဂုဏ်ဆောင် အနုပညာရှင်၊ ကိုလိုနီခေတ်, ဂျပန်ခေတ်နှင့် လွတ်လပ်ရေးခေတ်များအထိ ခေတ်သုံးခေတ်ကို ဖြတ်သန်းလျက် မြန်မာ့ဇာတ်သဘင်လောကကို ပြိုင်ဘက်ကင်းရှေ့ဆောင်နိုင်ခဲ့သူ၊ အများပြည်သူများကို ဗုဒ္ဓသာသနာအကြောင်း၊ ဇာတ်နိပါတ်တော်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လိုပ်ဆောင်ခဲ့သူ၊ အနုသုခုမပညာဘက်တွင် တီထွင်ဆန်းသစ်ခဲ့သူ၊ မင်းပေးဘွဲ့များထက် ဘုရားတကာဂုဏ်ပုဒ်ကို မက်မောခဲ့သူ ဂရိတ်ဦးဘိုးစိန် (ဝါ) ဂရိတ်ဦးဖိုးစိန်၏ ဘဝဖြစ်စဉ်ကို အစအဆုံး အသေးစိတ် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ ထိုသို့ရေးသားထားရာတွင် အပိုင်း ၃ ပိုင်းခွဲထားသည်။ ပထမပိုင်းတွင် ဦးဘိုးစိန်အကြောင်းနှင့် ပတ်သက်၍ ရှေးက ရေးသားပြုစုခဲ့ကြသည့် ပညာရှင်တို့၏ ကွဲပြားခြားနားချက်များကို ယှဉ်တွဲနှိုင်းယှဉ်၍လည်းကောင်း၊ ဒုတိယပိုင်းတွင် စာရေးသူ မြင်သော, လေ့လာတွေ့ရှိရသော ဂရိတ်ဦးဘိုးစိန်အကြောင်းကိုလည်းကောင်း၊ နောက်ဆုံးအခန်းတွင် ဦးဘိုးစိန်၏ သီချင်းစာသားများ၊ သုံးစွဲခဲ့သည့် သဘင်ဝေါဟာရများအကြောင်းကိုလည်းကောင်း အသေးစိတ် ရေးသားမှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|