|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာနိုင်ငံ အနောက်ဘက်ဝင်ပေါက် အန္တရာယ်နှင့် သမိုင်းကွင်းဆက်များ
-
-
Author(s):
အောင်နိုင်သိမ်း (မေယုမြေ)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 206
- Binding: Paperback
- Publication Month Year: Apr-2013
- Size: 13 cm x 21 cm
|
- Description: မြန်မာဘုရင်များလက်ထက် ရခိုင်ပြည်သို့ ဘင်္ဂါလီများ စတင်ဝင်ရောက်လာချိန်မှ စတင်ကာ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သုံးသပ်တင်ပြထားသော စာအုပ်ဖြစ်သည်။ မြန်မာမင်းများလက်ထက် စစ်တကောင်းမှ ဘင်္ဂါလီလူမျိုးများ မည်သို့ ဝင်ရောက်လာပုံ၊ ထိုစဉ်က ရခိုင်ဘုရင်များ၏ လက်အောက်ခံနယ်ဖြစ်သည့် စစ်တကောင်းနယ်ရှိ မူဆလင်ဘင်္ဂါလီများ မိမိတို့ကို အုပ်ချုပ်သည့် ဘုရင်အား အလွယ်တကူ သိရှိစေရန်အတွက် ရခိုင်ဘုရင်များသည် မူဆလင်ဘွဲ့ကို ခံယူကာ သူတို့သုံးစွဲသည့် ဒင်္ဂါးပြားများတွင် သုံးစွဲရိုက်နှိပ်အသုံးပြုခဲ့ကြပုံ၊ ၎င်းကို ယနေ့ခေတ် ဘင်္ဂါလီများက လိုရာဆွဲ ပြောဆိုကြပုံ၊ ရိုဟင်ဂျာဆိုသည်မှာ လူမျိုးစုကို ကိုယ်စားမပြုဘဲ စစ်တကောင်းနယ်မှ ရခိုင်ဒေသသို့ ထွက်ခွာသွားသော ဆင်းရဲသား အိုးမဲ့အိမ်မဲ့များဟု အဓိပ္ပာယ်ရပုံ၊ ဖဆပလခေတ်တွင် ဦးနုသည် သူ့ပါတီ မဲရရေးအတွက် တရားမဝင်ရောက်ရှိနေသည့် ဘင်္ဂါလီများကို မည်သို့ အသုံးချခဲ့ပုံ၊ ဦးနု၏ အခွင့်အရေးပေးမှုကြောင့် ပြည်ထောင်စု ဝန်ကြီးအဆင့်အထိ ဘင်္ဂါလီလူမျိုးများ ရောက်ရှိလာခဲ့ပုံ၊ ပြည်နယ်ခွဲထွက်ရေးအတွက် ခေတ်အဆက်ဆက် လက်နက်ကိုင်ထကြွခဲ့ကြသော ဘင်္ဂါလီသူပုန်များကို မြန်မာစစ်တပ်သည် ခက်ခက်ခဲခဲ နှိမ်နင်းခဲ့ရပုံ၊ လက်ရှိအချိန်တွင်လည်း မော်လဝီဆရာများသည် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာကို ခန့်မှန်းကာ နိုင်ငံရေးလမ်းကြောင်း ချပေးခြင်းဖြင့် ၎င်းတို့၏ လှုပ်ရှားရမည့် အခြေအနေကို စနစ်တကျ တွက်ချက်ဆောင်ရွက်နေကြပုံ၊ မော်လဝီဆရာများသည် သူတို့သွားလိုသည့် လမ်းကြောင်းကို အာရဗီကျောင်း အများအပြားတည်ထောင်ကာ ထိုကျောင်းများမှတဆင့် အကောင်အထည်ဖော်နေကြပုံ၊ လက်ရှိအနေအထား၌ အနောက်ဘက် နယ်စပ်သည် ရှုတ်ထွေးလျက်ရှိသည့်အပြင် အချုပ်အခြာအာဏာကို ထိပါးစော်ကားသည့် အန္တရာယ်များ ဖြစ်ပေါ်နေပုံ၊ အနောက်ဘက်နယ်စပ်တွင် ဘာသာရေးအယူသည်းသူများသည် ရခိုင်လူမျိုးတို့ ပိုင်ဆိုင်သည့် နယ်မြေများကို ဖဲ့ယူရန် ကြိုးစားလျက်ရှိနေပုံ၊ ထို့ကြောင့် ရခိုင်လူမျိုးများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသားတိုင်းသည် အနောက်ဘက်နယ်စပ်အန္တရာယ်ကို သတိမူ သိရှိပြီး အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်ရန် လိုအပ်ပုံများကို သမိုင်းကြောင်းနှင့်ချီကာ ဤစာအုပ်တွင် အထောက်အထားများဖြင့် ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|