|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရုရှားတို့၏ ချေချင်စစ်ပွဲ (၁၉၉၆ - ၂၀၀၀)
-
-
Author(s):
ရဲရင့်တင့်ဆွေ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 130
- Binding: Paperback
- Size: 13 cm x 19 cm
|
- Description: အမေရိကန် ကာကွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာဌာန၌ သီးခြားအတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အမျိုးသမီးများအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Olga Oliker ရေးသားသည့် Russia's Chechen Wars (1994 - 2000) (Lessons from Urban Combat) စာအုပ်ကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ ရုရှားတို့ ချေချင်ညာသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် စစ်ပွဲနှစ်ပွဲအတွင်း မြို့တော်ဂရော့ဇ်စနီနှင့် ကျန်မြို့ငယ်ရွာငယ်များ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြောင်း၊ ၎င်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ကျူးကျော်သူရုရှားနှင့် ခုခံသူ ချေချင်ညာတို့အကြောင်း တင်ပြထားသည့်စာအုပ်ဖြစ်သည်။ စာအုပ်တွင် ရုရှားတို့ ရာစုနှစ် အဆက်ဆက် ချေချင်ညာတို့အပေါ် သိမ်းပိုက်ရယူလိုသည့်အကြောင်းအရင်း၊ နှစ်ဖက်စစ်ပွဲများဖြစ်ပွားရာတွင် စစ်ပွဲ၏ ဖွဲ့စည်းပုံ၊ အသုံးပြုခဲ့သော လက်နက်များနှင့် စစ်နည်းဗျူဟာများအကြောင်း၊ အချိန်အတော်ကြာအောင် ရနိုင်သမျှလက်နက်နှင့် ရုရှားတို့အား ခုခံတော်လှန်နိုင်ခဲ့သော ချေချင်ညာတို့အကြောင်း၊ စစ်ပွဲအတွင်း ဖော်ထုတ်အသုံးပြုခဲ့သော မြို့တွင်းစစ်ဆင်ရေးဆိုင်ရာနည်းဗျူဟာနှင့် စနစ်သစ်များအကြောင်း၊ မြို့တွင်းတိုက်ပွဲများတွင် နှစ်ဖက်အသုံးပြုခဲ့သော စစ်ဆင်ပုံသဘောတရားများအား သမိုင်းဝင်ဓါတ်ပုံ၊ မြေပုံများနှင့် ရှင်းလင်းတင်ပြထားသည်။ ခေတ်သစ် စစ်မှုရေးရာ၌ မြို့ပြတိုက်ပွဲဝင်မှုများနှင့် ပတ်သက်၍ သင်ခန်းစာများစွာ ရယူနိုင်မည့် စာအုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|