|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုသည် စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ် မတိုင်ခင် သူ၏ နိုင်ငံရေးအတွေ့အကြုံများကို “တာတေစနေသား” ဟူသောစာအုပ်အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ရာ စာအုပ်တွင် သူ၏ ဘဝဖြစ်စဉ်နှင့်တကွ မြန်မာ့နိုင်ငံရေးလောက၏ အရေးကြီးဖြစ်စဉ်များ၊ နောက်ကွယ်မှ လူမသိသေးသည့် အကြောင်းအရာများ ပါဝင်သည့်အတွက် လူတိုင်း၏ စိတ်ဝင်တစား ဖတ်ရှုခြင်းကို ခံခဲ့ရသည်။ သို့သော် ဦးနုသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း သူ့ဘဝအကြောင်းကိုမူ ကိုယ်တိုင် ရေးသားနိုင်ခြင်း မရှိခဲ့ရာ ၎င်းနှင့် ပတ်သက်၍ စာရေးသူ ဦးမောသီရိကို ရေးသားပေးရန် မေတ္တာရပ်ခံခဲ့ရာမှ ယခုစာအုပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ “တာတေစနေသား” ဒုတိယပိုင်းဟုခေါ်ဆိုနိုင်သည့် ဤစာအုပ်တွင် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှ ဦးနုအနိစ္စရောက်ခဲ့သည့် ၁၉၉၅ ခုနှစ်ကာလအတွင်း ဦးနု၏ ဆောင်ရွက်ချက်များ၊ ပြောဆိုလှုပ်ရှားမှုများကို အဓိက မီးမောင်းထိုး ဖော်ပြပေးထားသည်။ ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်းခြင်းကို ခံခဲ့ရပြီးသည့်နောက် အာဏာမဲ့ခဲ့သူ ဦးနု၏ ၃၃ နှစ်ဘဝကာလသက်တမ်းအတွင်း သူပြောဆို လှုပ်ရှားမှုအပေါင်းကို ဤစာအုပ်တွင် တစ်စုတစ်စည်းတည်း ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|